အခန်း (၈၃) မင်းလာပြီးလင်အာအဖြစ်ဟန်ဆောင်လိုက်!

684 111 16
                                    

အခန်း (၈၃) မင်းလာပြီးလင်အာအဖြစ်ဟန်ဆောင်လိုက်!

ပယောဂဆေးဆရာ

"ဂိုဏ်းချုပ်က ရှန်သခင်လေးကို သူတို့ကို တွေ့ခွင့်ပေးမှာလား?"

ကျောက်ဝူက အံ့အားသင့်စွာ ပြောလေသည်။

"ငါ လူရှာပြီး လင်အာအဖြစ်ဟန်ဆောင်ခိုင်းမှာပါ"

ချင်ရှောက်ယွီက ဆိုသည်။

"သူတို့ ဘာလုပ်ချင်နေတာလဲဆိုတာကို ကြည့်မယ်လေ"

"ဒါပေမဲ့ ကျွန်တော်တို့က ကူပိုးကောင်အဆိပ်နဲ့ ပတ်သတ်ပြီး လုံးဝ နားမလည်ကြဘူးလေ၊ တစ်ဖက်ကလူက တစ်ခုခု လုပ်နေရင်တောင် ကျွန်တော်တို့က သဲလွန်စရှာတွေ့မှာ မဟုတ်ဘူး"

ကျောက်ဝူက ပြော၏။

"အဲ့တာကြောင့် ငါ လူလွှတ်ပြီး ယဲ့ကျင်ကို ခေါ်ခိုင်းထားပြီ"

ချင်ရှောက်ယွီက နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။

"နောက်နှစ်ရက်လောက်ဆို ရောက်ပြီ"

နဂိုကတော့ သူ့ကို ရှန်ချန်းလင်အတွက် ကျန်းမာရေး ခန္ဓာကိုယ်စစ်ဆေးပေးစေချင်ခြင်း ဖြစ်သည်။ ယဲ့ကျင်က ငယ်စဉ်ကတည်းက နယ်စပ်တွေမှာလည်း အတော်ကြာအောင် သွားရောက်ခဲ့ဖူးသဖြင့် ကူပိုးကောင်အဆိပ်နှင့် ပတ်သတ်လျှင် ဟွားထန်ထက် ပို၍ နားလည်သည်။ အခုတော့ ကွက်တိဆိုသလိုပဲ သူ့ကိုပဲ အကူအညီတောင်းရပေတော့မည်။

ကျောက်ဝူက ဆွံ့ဆလျက်။

"တောင်သခင်ယဲ့က သိုင်းလောကရဲ့ ကိစ္စတွေအပေါ် ဘယ်တုန်းကမှ စိတ်ဝင်စားမှု မရှိခဲ့ဘူး၊ သည်တစ်ခါကျတော့ ဂိုဏ်းချုပ်ကို လာကူညီပေးမယ်လို့ ကတိပေးသလား?"

ဂိုဏ်းချုပ်ချင်ကလည်း အေးတိအေးစက်နှင့် လေးလေးနက်နက်ပင်။

"ဟုတ်တယ်လေ၊ ငါလည်း တော်တော် အံ့သြသွားတယ်"

သို့နှင့် ဒုတိယနေ့ရောက်သော် ကျောက်ဝူဟာ ယဲ့ကျင်ဘာကြောင့် လာပေးမှန်း သိလိုက်ရပါတော့သည်။

အဘယ်ကြောင့်ဆိုသော် သဘောမတူချင်လည်း သူပြောမနိုင်တော့သောကြောင့် ဖြစ်ပေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now