အခန်း (၄၂) တစ်ယောက်ထပ်ပျောက်သွားပြန်ပြီ!
【ခက်ခဲပင်ပန်းလွန်းလို့ ငိုချင်တယ်!】
ယခင်က ဤပန်းခြွေသူထံ ဒုက္ခပေးခံခဲ့ရသော ယောကျ်ားလေးများအတွက် စဉ်းစားပြီး ရှန်ချန်းလင်က အသက်ဝ,ဝ ရှူလိုက်သည်။ ထို့နောက် အလျဉ်းသင့်ရာ ဆီတရွှဲရွှဲနှင့် ကြက်ခြေထောက်ကို ညှပ်ယူကာ ချင်ရှောက်ယွီ၏ ပါးစပ်နားသို့ ထိုးပေးလိုက်သည်--- မြန်မြန် ကိုက်လိုက်လေ!
ဂိုဏ်းချုပ်ချင်က နွေးထွေးချိုမြိန်စွာ ပြောသည်။
" ဇနီးလေး ဘာသာ စားရင်ရပါပြီကွာ။ ကိစ္စတိုင်း ခင်ပွန်းသည်ကို တသသဖြစ်နေစရာ မလိုပါဘူးဆို "
ရှန်ချန်းလင် - ...........
အမေရေ ဘယ်သူက မင်းကို တသသ ဖြစ်နေလို့လဲ!
မင်းဘာသာ ငါ့ကို ခြိမ်းခြောက်ပြီး ကျွေးခိုင်းတာ အသိသာကြီး!
အရှက်မရှိဘူး!
ကျွေးယင်နန်းမှ လျှို့ဝှက်တပ်သားများသည် စားပွဲတစ်ဖက်ခြမ်း၌ စားသောက်နေကြပြီး အမူအရာက အင်မတန် တည်ငြိမ်အေးဆေးနေ၏။
တကယ်တော့ စိတ်ထဲမှာ အရူးအမူး ဝေဖန်ပြီးနေပြီ သိရဲ့လား!
ထမင်းစားတာတောင် အဲ့လောက်အချိန်အကြာကြီး ပလီပလာ တီတီတာတာတွေ လုပ်နေရမှ ဖြစ်မှာလား!
ငါတို့ရဲ့ ခေါင်းဆောင်ကြီး အနေနဲ့ တည်ကြည်ခံ့ညားတဲ့ ပုံရိပ်တွေကရော ဘယ်ချောင်ထိုးထားလိုက်ပြီလဲ!
ထမင်းတစ်ဝက်လောက် စားပြီးသည်နှင့် ချင်ရှောက်ယွီက ရှန်ချန်းလင်၏ ခါးကို ဖက်ကာ မိမိပေါင်ပေါ်တင်ထားတော့သည်။
ရှန်ရှောင်ရှို့မှာတော့ ထိုတဒင်္ဂအတွင်း ဒေါသထောင်းထောင်းထသွား၏။
ထပ်ပြီး အမြတ်ထုတ်ရင် မိန်းမစိုးဖြစ်မှာနော်!
" တင်ပါးက အသားတော်တော်များတယ်နော် "
ချင်ရှောက်ယွီ၏ အမူအရာက အင်မတန် ဖြောင့်မတ်မှန်ကန်စွာ။
မေငိုး!
ရှန်ချန်းလင်က စိတ်ဆိုးမာန်ဆိုးနှင့် တွေးမိသည်။
မင်းကမှ အသားပေါတဲ့ လက်မောင်းကြီးကို ပိုင်ဆိုင်ထားတာလေ!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficción históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း