အခန်း (၇၃) ဟိုဟာနှစ်ခုဆိုတာ ဘယ်ဟာလဲ!

1.7K 242 20
                                    

အခန်း (၇၃) ဟိုဟာနှစ်ခုဆိုတာ ဘယ်ဟာလဲ!

【နားမလည်လို့ စိတ်လောလိုက်တာနော်】

" အဲ့တာတောင် မင်းသွားဦးမှာလား? "

ရှန်ချန်းလင်က မေးလာသည်။

" သေချာပေါက် သွားရမှာပေါ့ "

ချင်ရှောက်ယွီက ဒူးထောက်ထိုင်ချပြီး သူ့ကို ဖိနပ်စီးပေးလိုက်သည်။

" ထောင်ချောက်မှန်း သိရဲ့နဲ့ သွားဦးမှာလား? "

ရှန်ချန်းလင်က မျက်မှောင်ကြုတ်သည်။

" ထောင်ချောက်ဖြစ်နေလို့ကို ပိုပြီး သွားရမှာပေါ့ "

ချင်ရှောက်ယွီက မတ်တပ်ထရပ်ကာ -

" မဟုတ်ရင် ဘယ်သူကများ သူ့မွေးနေ့အခမ်းအနားကို စိတ်ဝင်စားနေမှာလဲ၊ အားယားနေကြတာလဲ မဟုတ်ဘဲနဲ့ "

မင်းလည်း နေ့တိုင်း အားယားနေပြီး ဘာမှလုပ်စရာ မရှိဘူးလေ! ဒါပေမဲ့ ဒါက အဓိကမဟုတ်သေးဘူး!

ရှန်ရှောင်ရှို့သည် အင်မတန် စိတ်ပူနေဆဲဖြစ်ရာ -

" ဒါပေမဲ့ သေချာပေါက် အန္တရာယ်ရှိနေတာကြီးကို "

" ကိုယ် တစ်ခုခု ဖြစ်မှာစိုးလို့လား? "

ချင်ရှောက်ယွီက ပြုံးကာ ဆိုလာသည်။

ရှန်ချန်းလင်သည် တိတိပပ ခေါင်းညိတ်ပြတော့၏။

" ဘာမဟုတ်တဲ့ ဟေးဖုန်းဂိုဏ်းလေးတစ်ခုပါ။ ကိုယ့်ကို တစ်ခုခု လုပ်နိုင်လောက်တဲ့အထိ မဟုတ်ပါဘူး "

ချင်ရှောက်ယွီက သူ့ခေါင်းကို ပွတ်သပ်ပေးကာ -

" ရေချိုးသန့်စင်လိုက်ဦး၊ မင်းကို ခေါ်ပြီး ဂဏန်းဖက်ထုပ်ပေါင်း သွားစားကြရအောင်လို့ "

" နာမည်ခံအရသာ မွေးနေ့စားသောက်ပွဲ ဖြစ်ပြီး တကယ်တမ်းက အားလုံးကို အဆိပ်ခတ်ရင်ရော? "

ရှန်ချန်းလင်သည် တစ်ဖက်က မျက်နှာသစ်နေရင်း တစ်ဖက်က အတွေးနယ်ချဲ့နေသည်။

" ပြီးတော့ တခြားတပ်သားတွေများ ဖွက်ထားပြီး ချုံခိုတိုက်နေရင်ရော? ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး တစ်ခါတည်း အကုန်ဖမ်းချရင်ရော? "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now