အခန်း(၉၃) တကယ်ပဲသာမန်လူသားမဟုတ်ခဲ့ဘူးကိုး!

580 110 6
                                    

အခန်း(၉၃) တကယ်ပဲသာမန်လူသားမဟုတ်ခဲ့ဘူးကိုး!

【ငါ့ကို အောက်ပြန်ချပေး!】

ရုတ်ခြည်း အဒေါ်ကြီး၏ ပါးစပ်ထဲကနေ 'မယားငယ်' ယူလိုက်ပါလား ဟူသော ဇိမ်ခံလူတန်းစားများ၏ အသုံးအနှုန်းကို ကြားလိုက်ရသော် ရှန်ချန်းလင်နှင့် ဇာမဏီငယ်လေး နှစ်ကောင်လုံး မျက်လုံးပြူးသွားကြတော့သည်။

"သည်လိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့!"

ဒေါ်လေးသည် အလွန်ပင် ပြတ်သားစွာ ပြောလာ၏။ သူ(မ)က ဟီးဟီးဟဲဟဲနှင့် ပြန်ထွက်သွားမည်အလုပ်တွင် -

"ကျွန်မ အခုပဲ ရက်ကောင်းသွားရွေးလိုက်တော့မယ်"

ဝေ့ဝေ့ ဘာကို သည်လိုပဲ ဆုံးဖြတ်လိုက်တော့မှာလဲ!

ရှန်ချန်းလင်က သူ့ကို ဆွဲထားပြီး -

"တကယ် မဖြစ်တာပါ"

ငိုတောင် ငိုချင်လာပြီနော်!

"ဘာလို့လဲ"

အဒေါ်ကြီးက စိတ်ညစ်သွားသည်။

"ကျွန်မကြားမိတာ အိမ်ကြီးသခင် လူကြီးမင်းတွေအိမ်က သခင်လေးတွေဆို မိန်းမကို လေးငါးခြောက်ယောက်လောက်တောင် ယူကြတယ်တဲ့"

ရှန်ချန်းလင်က မဲ့နေတော့သည်။

သည်လိုမျိုး အကျင့်ပျက်မိစ္ဆာဓာတ်တွေကို ဘာကိစ္စ သင်ယူချင်ကြတာလဲ။

တစ်လင်တစ်မယားစနစ်ကသာလျှင် အကောင်းဆုံးပဲ!

"ကျွန်မရဲ့ မိန်းကလေးက အတော်လေး ငြိမ်ဆိမ်ပါတယ်"

အဒေါ်လေးက တက်တက်ကြွကြွ မိတ်ဆက်နေဆဲ။

"အဲ့တာလည်း မဖြစ်ဘူး"

ရှန်ချန်းလင်သည် အသံနှိမ့်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော့်မိန်းမက အရမ်းကြမ်းတမ်းတာ"

"လျှောက်ပြောပြန်ပြီ"

အဒေါ်ကြီးက မယုံနိုင်ဟန်။

"သခင်လေးက အဲ့လောက်သဘောကောင်းတာ၊ မိန်းမက ဘယ်လောက်ထိ ကြမ်းတမ်းနိုင်မှာလဲ"

"တကယ်ပြောတာ"

ရှန်ချန်းလင်သည် သရုပ်ဆောင်မင်းသားတစ်ယောက်၏ အရည်အချင်းများကို ဖြန့်ကျက်အသုံးပြုလိုက်ပြီး အလွန်ပင် လေးပင်သော မျက်နှာဖြင့် -

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now