အခန်း (၉၅) တပည့်တစ်ယောက်လက်ခံမယ်!
ခရမ်းသွေးနီဇာမဏီကျောက်၏ အစွမ်းဖြင့် ချင်ရှောက်ယွီ၏ ခန္ဓာကိုယ်သည် အလွန်ပင် လျင်မြန်စွာ အားပြည့်ကောင်းမွန်လာ၏။ သိပ်မကြာလိုက်ဘဲ အောက်ဆင်းကာ လျှောက်သွားလှုပ်ရှားနိုင်နေချေပြီပင်။ ပခုံးက ဒဏ်ရာကသာ အပြောအရတော့ ပြန်ကောင်းသွားပြီဆိုသော်ငြား ကြမ်းကြုတ်ဆိုးဝါးသော အမာရွတ်ကြီးဟာ ကျန်နေခဲ့စမြဲသာ။ မြင်လိုက်ရုံနှင့်တောင် နှလုံးတလှပ်လှပ် ဖြစ်စေနိုင်၏။
"အရိုးတွေ မခိုက်မိသွားတာ တော်ပါသေးတယ်"
ရှန်ချန်းလင်က သူ့ကို ရေကူချိုးပေးရင်း ဆိုသည်။
"ယောက်ျားလေးက အမာရွတ်ရှိမှ ချောတာ!"
ချင်ရှောက်ယွီသည် ရယ်ပြုံးလျက် ရေအောက်ကနေ သူ့တင်ပါးကို ညှစ်လိုက်၏။
"မဆိုးစမ်းနဲ့!"
ရှန်ချန်းလင်က ရက်စက်စွာ သူ့လက်ကို ရိုက်ထုတ်လိုက်တော့သည်။
"ကျီ!"
ဇာမဏီငယ်လေးဟာ ခုန်ပေါက်၍ ပြေးဝင်လာသည်။
ပုံစံက အလွန်ပျော်နေဟန်!
ရှန်ချန်းလင်က မျက်နှာကို တည်လိုက်ပြီး ဆူလိုက်၏။
"မင်း ထပ်ပြီး ခိုးစားလာပြန်ပြီ!"
ဇာမဏီငယ်လေး၏ နှုတ်သီးဘေးတွင် ထမင်းစေ့လေး ကပ်နေပြီး အလွန်ပင် အပြစ်ကင်းသော မျက်လုံးမျိုးနှင့် သူ့ကို ကြည့်လာ၏။
"မင်းကို ညကျရင် ဟင်းသီးဟင်းရွက်ပဲ စားဖို့ ဒဏ်ခတ်မယ်!"
ရှန်ရှောင်ရှို့က အလွန်ပင် စည်းကမ်းကြီးလှ၏။ ဇာမဏီငယ်လေးသည် ညှိုးငယ်စွာ လှည့်ထွက်ပြီး လှုပ်တုပ်လှုပ်တုပ်လေး တင်ပစ်ကာ သွားနေ၏။
ချင်ရှောက်ယွီက ရယ်လျက် ဆိုသည်။
"အူတူပလူးတူးလေးပဲကွာ"
"ဘယ်လိုလုပ် အူရုံတင်ကမှာလဲ!"
ရှန်ချန်းလင်က ထောက်ခံသည့်အလား ပြောသည်။
ချင်ရှောက်ယွီက သူ့ကို ဘေးတိုက် ဖက်လိုက်ပြီး -
"ကိုယ်က လင်အာက အူတူပလူးတူးလေးလို့ ပြောနေတာ"
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း