အခန်း (၈၇) ဒေါသကြီးတဲ့ရှန်သခင်လေး!

663 95 14
                                    

အခန်း (၈၇) ဒေါသကြီးတဲ့ရှန်သခင်လေး!

【ငရုတ်ကောင်းနံ့ရတဲ့ငှက်ကြီး】

"ရှန်သခင်လေးနဲ့ ဂိုဏ်းချုပ်ချင်ပဲ!"

စားသောက်ဆိုင်၏ တံခါးဝ၌ တန်းစီနေသော ပြည်သူလူထုကြီးသည် သူတို့နှစ်ယောက် ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်း တက်ကြွလှုပ်ရှားလာကြတော့သည်။

သည်လိုမြင်ကွင်းမျိုးကနော် ဘဲကင်တစ်ကောင်မပါရင်တောင် သေချာပေါက် ကြည့်ကို ကြည့်ရမှာ သိရဲ့လား!

အရမ်းကို ရှားတောင့်ရှားခဲပဲ!

လမ်းပေါ်၌ ကျောက်ခဲသေးသေးလေး တစ်လုံးရှိနေပြီး ရှန်ချန်းလင်သည် သတိမထားမိဘဲ ခြေထောက်ခေါက်သွားရရာ ချင်ရှောက်ယွီက ခြေမြန်လက်မြန်ဖြင့် လူကို ဖမ်းဆွဲထိန်းပြီး ရင်ခွင်ထဲ ဆွဲထည့်လိုက်လေသည်။

ပြည်သူများသည် ခပ်လှမ်းလှမ်းကပင် မြင်နေရပြီး ချက်ချင်းဆိုသလို မျက်ရည်များဝဲတက်လာကြလျက် ရင်ဘတ်ဖိကာ မခံစားနိုင်တော့ကြောင်း သရုပ်ဖော်ကုန်ကြ၏။

သည်လောက်တောင် ချစ်နေကြတာ တကယ် ဘာပြဿနာမှ မရှိဘူးလားနော်!

လမ်းလျှောက်တာတောင် ခြေခေါက်လဲနိုင်သေးတယ်ဆိုတာ ရှန်သခင်လေးက အဟုတ်ကြီး ဒဏ္ဍာရီထဲကလိုပဲ အားနည်းချစ်စဖွယ်ကောင်းတာပဲ!

ငါတို့တွေ နည်းနည်းလေးမှ ဂိုဏ်းချုပ်ချင်ကို အားမကျပေါင်!!!

"အဲ့တာကြောင့်လေ.. ရှန်သခင်လေးကမှ သိုင်းလောကရဲ့ ထိပ်တန်းအလှဆုံး နံပါတ် (၁) ဖြစ်ရမှာ!"

လူအုပ်ထဲက တစ်ယောက်က ခပ်တိုးတိုး ဆိုသည်။

"ဘယ်လိုလုပ်ပြီး ဒုတိယဖြစ်နိုင်မှာလဲ"

ထိုစကားသံ ထွက်လာသည်နှင့် ပတ်ပတ်လည်က ပြည်သူအပေါင်းကလည်း ချက်ချင်း ခေါင်းညိတ်ကာ သ‌ဘောတူညီကြောင်း ထောက်ခံကြလေသည်။

ဒီက ညီနောင်ပြောတာ သိပ်မှန်တာပဲ!

ထိပ်တန်း အလှလေးက ဂိုဏ်းချုပ်ယင်ဆိုတဲ့ ကိစ္စကြီးက နည်းနည်းလေးမှ ဘယ်လိုနည်းနဲ့မှကို လက်ခံလို့မရတဲ့ကိစ္စပဲ!

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now