အခန်း (၄၀) လျှို့ဝှက်ဆန်းကြယ်စွာ မည်သူမျှ မသိလိုက်ပါဘဲနှင့်!
【ခြေရာလက်ရာမကျန်အောင် ထူးဆန်းလျှို့ဝှက်သော ပန်းခြွေသူ】
နှစ်လတာရှည် သိုင်းပညာလေ့ကျင့်လာသော အကျိုးကျေးဇူးကြောင့် ချင်ရှောက်ယွီ လက်ချောင်းများတွင် အသားမာခပ်ပါးပါး ရှိနေ၏။ သို့ဖြင့် ဗိုက်သားလေးပေါ်တွင် နှိပ်လိုက်ပါတိုင်း စူးစူးရှရှ ခံစားချက်ကို ရနေကာ ပိစိကလေး နေလို့ထိုင်လို့ ကောင်းပေ၏။
ထို့ကြောင့် ရှန်ချန်းလင်လည်း မျက်လုံးများ မှိတ်ကာ အလွန်ပင် ယစ်မူးရီဝေစွာ ခံစားနေသည့်ဟန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့လေသည်။
ချင်ရှောက်ယွီက ပြုံးလျက် ခေါင်းကို ခါမိသည်။ သူက လှမ်းပြီး စောင်ဆွဲခြုံပေးချင်သော်ငြား ရှန်ရှောင်ရှို့က သူ့လက်ကို ဖမ်းဆွဲထား၏။ လုံးဝ နေရာအရွေ့မခံဘဲ လက်ကို ဗိုက်ပေါ်သာ ပြန်တင်ပေးလေသည်။
အရမ်းအရမ်း နေလို့ကောင်းတယ်လေ!
တစ်ဝက်တစ်ပျက်ကြီး ထားပစ်ခဲ့ရင် သိပ္ပံနည်းလမ်းမကျဘူးနော်!
.............
ဂိုဏ်းချုပ်ချင်သည် ရယ်ချင်သည်ကို ထိန်းထားရသောကြောင့် ဗိုက်ကြောများပင် ကပ်ကုန်သည့်နှယ်။
ချင်ရှောက်ယွီ၏ ကျွမ်းကျင်သော နှိပ်နယ်မှုများအောက်တွင် ရှန်ချန်းလင်၏ ဤတရေးသည် အင်မတိ အင်မတန်ကို နှစ်နှစ်ခြိုက်ခြိုက် ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားတော့သည်။ သူသည် ညနေစာ စားချိန်ရောက်မှသာ ထလာတော့၏။ ထိုအခိုက်တွင် လီယွမ်ဟွိုက်ကမူ သူတို့နှစ်ဦးအား မနည်း သည်းညည်းခံ၍ စိတ်ကို ဆွဲဆန့်ပြီး စောင့်ရင်း စောင့်ရင်း ... နောက်ဆုံး နှစ်ယောက်သားကို မြင်လိုက်ရချိန်တွင် ကမ္ဘာခြားပြီးမှ ပြန်တွေ့ရသည့်အလား ပျော်ရွှင်ဝမ်းမြောက်စွာ မျက်ရည်များပင် လည်လျက် သွားကြိုဆိုတော့၏။
အနောက်ဘက်ခြံဝန်းထဲတွင် မီးရှို့သတ်ခံရသော အမျိုးသမီးငယ်လေးကို သတိရသွားသော် ရှန်ချန်းလင်က ချက်ချင်း ထိုလူကို ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်လိုက်တော့၏။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Tiểu thuyết Lịch sửစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း