Unicode>>
အခန်း (၃၇) ဇနီးလေးက ကိုယ်နဲ့အတူ စမ်းကြည့်ပေးပါလား!
【ရက်သုံးဆယ်မှာ လူအယောက်သုံးဆယ်!】
" ဇနီးလေးက ရယ်စရာတွေ ပြောနေပါပြီကွာ။ ကိုယ် ဘယ်လိုလုပ်ပြီး မူးချင်ယောင်ဆောင်တာ ဖြစ်နိုင်မှာလဲ "
ချင်ရှောက်ယွီ၏ မျက်နှာသည် တည်ငြိမ်အေးဆေးလျက်ပင်။
နည်းနည်းလေးမှ Gong တွေကို မျက်နှာမပျက်စေဘူးနော်!
" ငါ့ကို လိမ်ချင်နေသေးတယ်! "
ရှန်ချန်းလင်က စောင်ကိုပါ သူ့ထံ ပစ်ပေါက်လိုက်သည်။
" သေချာပေါက် တကယ်ပြောတာပါကွာ "
ချင်ရှောက်ယွီက ခုတင်ဘေးမှာ ထိုင်ကာ -
" သိုင်းပညာလေ့ကျင့်ထားသူတွေက အဲ့လို အလစ်တိုက်တာတို့ လုပ်ကြံတာတို့နဲ့ ပတ်သတ်ရင် သတိအရမ်းရှိတယ်။ ဒါက ပင်ကိုယ်စွမ်းရည်ပါကွာ "
မင်းအဖေကို လာလိမ်နေတာလား!
ရှန်ချန်းလင်က ခြေထောက်နှင့် ရင်ဘတ်တည့်တည့် ပိတ်ကန်လိုက်ပြန်သည်။
အရမ်းကို အားပြင်းပြင်းပဲ! ! !
ချင်ရှောက်ယွီက သူ့ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ ကလိယားထိုးတော့သည်။
ရှန်ချန်းလင်လည်း ထိတ်လန့်တကြား ခြေထောက်ကို ပြန်သိမ်းလိုက်သည်။ သို့နှင့် ချင်ရှောက်ယွီကလည်း အားထည့်ထားရာ တစ်ခါတည်း ခုတင်ပေါ်သို့ နှစ်ယောက်လုံး ပြန်ရောက်သွားတော့သည်။
အမေရေ လုပ်ပြန်ပြီ!
ရှန်ချန်းလင်က လက်သီးပျံတစ်ချက် လွှတ်လိုက်သည်။ သို့ပေတည့် ၄င်းက အရာမထင်ဘဲ လှမ်းဖမ်းကာ အနမ်းခံလိုက်ရတော့သည်။
" ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်ပွဲဝင်ပစ်မယ်ကွ! ! "
ရှန်ရှောင်ရှို့သည် ဒေါသတကြီးဖြင့် ကုတ်သည်၊ ကိုက်သည်၊ ဆိတ်သည်။ တကယ်ကို အိမ်သူမယားလေးနှယ်။
ထိုအချိန်တွင် ယဲ့ကျင်က ဝုန်းကနဲ တံခါးကန်ဖွင့်လိုက်ရာ သူတို့နှစ်ယောက် ခုတင်ပေါ်တွင် လူးလှိမ့်ကာ လုံးထွေးနေသော စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို တွေ့လိုက်ရတော့သည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း