အခန်း (၄၁) ပန်းခြွေသူ

978 110 19
                                    

အခန်း (၄၁) ပန်းခြွေသူ

[ထွက်လာတော့မယ်ထင်တယ်!]

သို့ရာ ထိုနေ့ည၌ပင် ချုံဟွားမြို့ထဲ၌ အင်မတန် ကြီးကျယ်သော ဖြစ်ရပ်တစ်ခု ထပ်မံ ဖြစ်ပွားသွားလေသည်။

မြို့၏ အရှေ့ ပိုင်းရှိ စာသင်ဆရာတစ်ဦးနှင့် မြို့၏ အနောက်ပိုင်းရှိ စားသောက်ဆိုင်မှ စားပွဲထိုးတစ်ဦးသည် ပန်းခြွေသူမှ ပန်းခြွေခံလိုက်ရခြင်းပင်။ နှစ်ယောက်လုံးသည် အိပ်ရာကနေတောင် မထနိုင်တော့ဘဲ နီးစပ်ရာ အိမ်နီးချင်းများက သွားကြည့်ရှုရာ အခြေအနေက အင်မတန် ဆိုးဝါးသည်ဟု ဆိုကြ၏။

မြို့ထဲတွင် တဖြည်းဖြည်းနှင့် ကောလဟာလ စကားများ ပျံ့နှံ့ လာတော့သည်။ ယင်းမှာ ဂိုဏ်းချုပ်ချင်သည် ပြည်သူများအတွက် စဉ်းစားတွေးခေါ်ပေးခြင်း မရှိဘဲ ရှန်သခင်လေးနှင့်သာ ပွတ်သီးပွတ်သပ် တွတ်တီးတွတ်တာ နေနေသည်။ သူရဲကောင်းဟူသော နာမနှင့်တောင် မလိုက်ဖက်ဘဲ အများပြည်သူ၏ မျှော်လင့်ချက်ကို ပျက်ပြားစေသည် ဟူ၍။

" မင်းစိတ်မဆိုးဘူးလား? "

ရှန်ချန်းလင်က ထိုကောလဟာလကို ကြားရသော် ဂရုတစိုက်နှင့် ချင်ရှောက်ယွီကို မေးလိုက်သည်။

" ပြောချင်တာ ပြောကြပေါ့ ၊ ကိုယ်က ဘာလို့ စိတ်ဆိုးရမှာလဲ ? "

ချင်ရှောက်ယွီ၏ မျက်ဝန်းထဲတွင် ရယ်မြူးရိပ်များရှိသည်။ လက်ဆန့်၍ သူ့မျက်နှာလေးကို ညှစ်ကာ -

" ဇနီးလေးက ရင်နာနေပြီလား? "

" မင်း အတွေးလွန်နေပါပြီ "

ရှန်ချန်းလင်က သူ့ကို လက်ဖြင့် ရိုက်ထုတ်လိုက်ပြီး -

" တကယ်တော့ ငါလည်း အပြင်ထွက်သွားပြီး သူတို့နဲ့အတူ မင်းကို ဆဲချင်နေတာလေ "

ချင်ရှောက်ယွီက မေးလိုက်၏။

" နေ့လယ်စာ ဘာစားချင်လဲ? "

စားဦးမယ်!

ရှန်ချန်းလင်က သူ့ခေါင်းကို ပုတ်လိုက်သည်။

" ပုံမှန်လူတွေဆို သည်ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အရင်စဉ်းစားမှာ မဟုတ်ဘူးလား! "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now