အခန်း (၇၆) ချောမောခံ့ညားလွန်းတဲ့ရှန်အိမ်‌တော်ကအကြီးဆုံးသခင်လေး!

2.1K 301 18
                                    

အခန်း (၇၆) ချောမောခံ့ညားလွန်းတဲ့ရှန်အိမ်‌တော်ကအကြီးဆုံးသခင်လေး!

မိုးပေါ်ကနေ ဆင်းသက်လာတယ်!

ထမင်းစားပြီးသွားလျှင် ရှန်ချန်းလင်က ခြံဝန်းထဲ၌သာ ခဏလောက် လမ်းပတ်လျှောက်ပြီးနောက် သစ်ပင်အရိပ်အောက်ရှိ နူးညံ့အိစက်သော ထိုင်ခုံပေါ်တွင် လှဲလျောင်း၍ အေးအေးလူလူ စာဖတ်နေတော့သည်။ လျှို့ဝှက်တပ်သားများကတော့ အပြိုင်အဆိုင် ချီးမွမ်းထောပနာပြုနေကြသည်။

ကျွန်တော်တို့အိမ်က ကြင်ရာတော်လေးက တကယ် အရမ်းလိမ္မာတာနော်၊ နည်းနည်းလေးမှ ဟိုဟိုသည်သည် လျှောက်ပြေးပြီး ပြဿနာမရှာတတ်ဘူး။

သူလေးကို ကာကွယ်ရတာ အရမ်းသက်တောင့်သက်တာရှိတာမှ ဟိုဒင်းထက်တောင် သာသေးတယ်!

သည်အတိုင်း အမိုးပေါ်မှာ ထိုင်ပြီး ကြည့်နေရုံပဲဆိုမှတော့ ဒါက တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူးလေ၊ ဒါက သေချာပေါက် ဆုချီးမြှင့်ခံရတာပဲ! ! !

တစ်နာရီကြာသော် ရှန်ချန်းလင်က ပျင်းတိပျင်းတွဲဖြင့် ဝါးသမ်းလျက် ခေါင်မိုးပေါ် မော့ကြည့်လာ၏။

အားလုံးကလည်း အရာအားလုံးထက် စိတ်အားထက်သန် ပြင်းပြသော မျက်လုံးများဖြင့် သူနှင့် အကြည့်ချင်းဆုံကာ -

" ရှန်သခင်လေး ကိစ္စရှိလို့လား? "

" နည်းနည်းပျင်းလို့ "

ရှန်ချန်းလင်က ရိုးသားစွာ ပြောသည်။

အိုင်းယားမား! ကြင်ရာတော်လေးက ပျင်းလို့တဲ့! ! ! !

လျှို့ဝှက်တပ်သားနှစ်ဦးသည် အပြေးအလွှားခုန်ချလာပြီး ခေတ္တကြာသော် မာကျောက်ကစားပွဲကြီးဟာ ခြံဝန်းအလယ်၌ တည်ခင်းလျက် စည်စည်ကားကား ဆူဆူညံညံ ဖြစ်သွားရတော့သည်။

အလွန်ပင် အကျိုးရှိလေသည်။

ရှန်ရှောင်ရှို့သည် မာကျောက်ကစားခြင်းနှင့် ပတ်သတ်၍ ဘယ်လောက်မျှ မကျွမ်းကျင်ပေ။ သို့သော်လည်း တက်ကြွစွာပင် ပါဝင်နေ၏။

အဘယ့်ကြောင့်ဆိုသော် သူ့အတွက်တော့ အိပ်တာ၊ စာဖတ်တာထက်ပိုပြီး ပျော်ဖို့ကောင်းနေလို့လေ!

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now