အခန်း (၁၂၃) ကျွန်တော်တို့အိမ်ကကြင်ရာတော်လေးဟာသိပ်သိပ်သိပ်ကိုအချစ်ခံရတယ်နော်!
【ဂုဏ်ယူတယ်! ရင်ဘတ်ကော့! ခေါင်းမော့!】
"ဝမ်ဟန့်က နဂိုကတည်းက ကျွန်တော့်ရဲ့ ဆရာတူအစ်ကိုပဲ။ ဟွမ်းထျန်းကျိုက်မှာတုန်းက ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးတယ်"
(*အရင်အပိုင်းမှာကတည်းက ဟွမ်းထျန်းကျိုက် - ဟွမ်းထျန်းစခန်း/ ဟွမ်းထျန်းမြို့ကို ဘယ်လိုပြန်ရမလဲ တွေးရင်း အဲမှာတည်ထားတဲ့ ဂိုဏ်းကိုလည်း ဂိုဏ်းပဲ သုံးပေးရမလား စသဖြင့် တွေဝေနေရာကနေ... အခု ပြန်ရင်းပြန်ရင်းနဲ့ ထောက်လို့ 'ဟွမ်းထျန်းကျိုက်' လို့ပဲ သုံးပေးလိုက်မယ်နော်။ တကယ်တော့ 'ကျိုက်' ဆိုတဲ့ စကားလုံးက ခံတပ်မြို့လေးလိုပဲ အိမ်စု၊ ရပ်ကွက်စုလေးတွေ အတော်အတန် စုစည်းထားတဲ့ စခန်းတည်မြို့လေးလို သဘောရပါတယ်။ အရင်က ပါတဲ့ ချန်းဝုရွှေကျိုက်က 'ကျိုက်' နဲ့ အတူတူပဲရယ်။)
ဂိုဏ်းချုပ်ချင်ဟာ အမှန်တကယ်ပင် ရက်စက်ကြမ်းတမ်းလွန်း၍ ချန်စန်းသည် နောက်တစ်ခွန်းပြောခါနီးတွင် အတော်လေး အချိန်ယူ၍ ကြိုတင်စဉ်းစားကာ ပြောနေသည်။
တော်ကြာစကားမှားပါသွားပြီး ထပ်ထိုးခံရနေမယ်!
"သူနဲ့ မမလေးနဲ့က ဟိုအစောကြီးကတည်းက ဘဝသက်ဆုံးတိုင် အတူရှိသွားကြဖို့ ကတိပြုထားကြပြီးသား၊ ဒါပေမဲ့ ဆရာက တစ်လျှောက်လုံး ဝမ်ဟန့်ကို သိပ်သဘောမကျဘူးလေ၊ အရင်ကတည်းက တောက်လျှောက် အခက်တွေ့အောင် ဒုက္ခပေးနေတာကို ထားလိုက်ပါတော့၊ အရင်လကကျ ဆင်ခြေတစ်ခုရှာပြီး ကျွန်တော်တို့ကို မောင်းထုတ်လိုက်တယ်လေ"
"မင်းက တုကျန်းရဲ့ နှလုံးသားထဲကလူ?"
ချင်ရှောက်ယွီက အားနည်းပျော့ညံ့ဟန်ရှိသော ထိုယောကျ်ားကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကာ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းအံ့သြမိနေသည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူနှင့် တုကျန်းဟာ တစ်ကြိမ်တစ်ခါသာလျှင် တွေ့ဆုံခဲ့ဖူးသော ရေစက်ဖြစ်သည်။ နှစ်ဦးစလုံးဟာ ခေါင်းညိတ်နှုတ်ဆက်ရုံသာ သိကျွမ်း၏။ ထိုစဉ်က သူ(မ)ဟာ ချင်ဟွိုက်မြစ်၏ ပထမတန်း အလှမယ်လေး ဖြစ်ပြီး မင်းသား၊ သူဌေးသူကြွယ်၊ သခင်လေးများက ရွှေများငွေများ ပုံပေး၍ တစ်ကြိမ်လောက် တွေ့ဖို့ကြိုးစားလျှင်တောင် တွေ့ရခက်လှသည်။ သို့ပေသိ၊ မည်သူက ထင်ထားမည်နည်း။ ဤသို့နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူ(မ)ဟာ ဤသို့သော သာမန်ဆန်လွန်းသည့် ယောကျ်ားတစ်ယောက်နှင့် အတူရှိသွားရန် ဆန္ဒရှိလိမ့်မည်ဟူ၍။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း