အခန်း (၁၁၆) သတိပြန်ရလာတော့ကောင်းလိုက်တာ!

2.8K 409 26
                                    

Unicode>>

အချိန်က တဖြည်းဖြည်းနှင့် ကုန်လွန်သွားသည်။ ရှန်ချန်းလင်က ဂူအပြင်ဘက်တွင် ထိုင်စောင့်ရင်း အပူမီးများ တောက်လောင်လျက် ရှိသည်။ ယုတ်စွအဆုံး ဟန်အဆိပ်ကိုတောင် ဂရုမစိုက်ဘဲ အထဲသို့ အခြေအနေ ဝင်ကြည့်လိုက်ချင်သည်အထိပင်။

အမွေးလုံးသည် သူ့ဘာသာ ခဏလောက် လျှောက်ဆော့နေပြီး ခဏကြာသည်နှင့် ပျင်းသွားပြန်သည်။ သို့နှင့် လှုပ်ကာရမ်းကာ ပြေးလာပြီး အတောင်ပံနှစ်ဖက်ကို မြှောက်၍ ပွတ်သပ်ကတိထိုးစေသည်။

သို့သော် ရှန်ရှောင်ရှို့က သူနှင့် ကစားပေးရန် စိတ်အခြေအနေ မဟုတ်ပေ။ အဆိုးဆုံး သူ့ကို ကြည့်တောင် မကြည့်ပေ။

"ကျီ!"

အမွေးလုံးသည် ခေါင်းကလေး မော့ကာ အော်သည်။

"မဆူနဲ့!"

ရှန်ချန်းလင်က သူ့နှုတ်သီးကို ညှစ်ထားသည်။ အမွေးလုံးလေးသည် အလွန်ပင် စိတ်ထိခိုက်သွားပြီး အသံတိုးတိုးကလေးဖြင့် ကျီကျီနေပြီး မကျေနပ်မှုကို ပြသရှာသည်။ ထို့အပြင် မြင့်မြင့်ကြီး ပစ်မြှောက်ပြီး ဆော့ပေးဖို့လည်း မျှော်လင့်နေပါသေး၏။

ထို့နောက်မှာပင် ရှန်ချန်းလင်က အမှန်တကယ် မတ်တပ်ထရပ်လိုက်သည်။

"ကျီ!"

အမွေးလုံးသည် ချက်ချင်း ပျော်ရွှင်တက်ကြွသွားပြီး အတောင်ပံလေးကို ကားပြီး မိုးပေါ် အပစ်ခံဖို့ အဆင်သင့်ပြင်ထားလေသည်။ သို့သော် ရှန်ချန်းလင်ဟာ သူ့ဘေးကနေ ပြေးသွားတော့သည်။

နည်းနည်း‌လေးတောင် မြင့်မြင့်ပစ်ပေးမသွားဘူးလေ!

အမွေးလုံးသည် မိမိဟာ အလိမ်အညာခံလိုက်ရသည်ဟုပင် ထင်မိတော့သည်။ ရက်ပေါင်းများစွာ တောင်းတနေခဲ့ရသော အကြင်သူက နောက်ဆုံးတော့ သတိလည်လာပြီမို့ ရှန်ချန်းလင်သည် ချင်ရှောက်ယွီ ရှေ့သို့ အပြေးလေး သွားလိုက်တော့သည်။ ရင်ထဲမှာ ခံစားချက်ပေါင်းများစွာ ဖြစ်ပေါ်နေပြီး ဘာပြောရမှန်းပင် မသိတော့အောင် ဖြစ်နေ၏။

သို့တိုင် ဘာမျှလည်း ပြောစရာမလိုခဲ့တော့ပါ။ အဘယ့်ကြောင့်မူ နောက်စက္ကန့်တွင် ချင်ရှောက်ယွီက သူ့ကို ရင်ခွင်ထဲ သွင်းဖက်လိုက်သောကြောင့်ပင်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now