အခန်း (၅၂) လုံးဝ,မတော်တဆတိုက်ဆိုင်သွားတာပါနော်!
【ဂိုဏ်းချုပ်ချင် သူထုတ်ပြောလိုက်ပြီ!】
" အဲ.. လက်ဝဲရံ ဘယ်ရောက်သွားပြီလဲ "
ရှန်ချန်းလင် ရေနွေးကြမ်းသယ်ဆောင်လာချိန်တွင် အခန်းတွင်း၌ ချင်ရှောက်ယွီ တစ်ယောက်သာ ကျန်ရှိတော့လေသည်။
" ပြန်သွားပြီ "
ချင်ရှောက်ယွီက ဆိုသည်။
" လီအိမ်က တခြားကျန်နေသေးတဲ့ကိစ္စတွေအတွက်လေ ၊ အကုန်ဖြေရှင်းပြီးသွားမှ ကိုယ်တို့ နန်ဟိုင်ကို ခရီးဆက်လို့ရမှာ "
" အခု ဘယ်လိုဖြစ်သွားပြီလဲ? "
ရှန်ချန်းလင်က မေးသည်။
" ရုံးတော်က တရားဝင် စာထုတ်ထားပြီ ၊ ပြောတာက ပန်းခြွေသူကိစ္စက မိစ္ဆာဂိုဏ်းက အဆိပ်ခတ်ပြီး ရှုပ်ထွေးအောင် လုပ်ခဲ့တာပေါ့ ၊ လီပေါ်ဟောက်နဲ့ ဘာမှမဆိုင်ဘူး "
ချင်ရှောက်ယွီက ပြောသည်။
" လီအိမ်တော်ကလည်း သည်မှာက လူချမ်းသာအိမ်ဆိုတော့ ရုံးတော်ကလည်း အနည်းနဲ့အများတော့ မျက်နှာသာပေးရမှာပဲလေ "
" အဲ့တာဆို လီပေါ်ဟောက်ကို ဘယ်လိုလုပ်မှာလဲ? "
ရှန်ချန်းလင်က မေးသည်။
" လီအိမ်ကို အပ်ပြီးသူတို့ဘာသာပဲ ဖြေရှင်းလိမ့်မယ် "
ချင်ရှောက်ယွီက ဆိုသည်။
" ကိုယ်တို့ ဝင်ပါလို့မကောင်းဘူး "
" လီပေါ်ထျန်းကရော? "
ရှန်ချန်းလင်က သူ့ကို အမှတ်ထားနေဆဲ ဖြစ်သည်။
" လီပေါ်ထျန်းနဲ့ ဘာဆိုင်လို့လဲ? "
ချင်ရှောက်ယွီက ပြန်မေးသည်။
" အဲ့........ "
ပန်းခြွေသူကိစ္စနဲ့ သူနဲ့ မဆိုင်ပေမဲ့ အဲ့လို ဆိုးဝါးယုတ်မာမှု အရင်းအမြစ်ကိုလည်း ဖုံးကွယ်ထားလို့ မရဘူးလေ!
ရှန်ချန်းလင်က အလွန်သမာသမတ်ကျ၏။
" သူနဲ့ မိထွေးနဲ့ အင်းအင်းတာလေ ၊ ပြီးတော့ လူသတ်ပြီး နှုတ်ပိတ်သေးတယ်! "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း