အခန်း (၁၀၀) အားလုံးအတူတူစုဝေးမယ်!

601 95 4
                                    

အခန်း (၁၀၀) အားလုံးအတူတူစုဝေးမယ်!

အတူတူ ရေပေါ်အကျဉ်းထောင်ကို သွားထောက်လှမ်းကြဖို့!

ထိုနေ့ညက ချင်ရှောက်ယွီနှင့် ရှန်ချန်းဖုန်းသည် ညဉ့်နက်အထိ တိုင်ပင်ဆွေးနွေးကြသည်။ ရှန်ချန်းလင်ကတော့ လိုက်ကာတံခါးနောက်ကွယ်ရှိ ခုတင်ငယ်လေးပေါ်တွင် စောင်ကို ပွေ့ပိုက်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့သည်။

အိပ်တာ တော်တော်လေး နောက်ကျသွားသည့်တိုင် နောက်တစ်နေ့မနက်တွင် ရှန်ချန်းလင်ဟာ အကျင့်ပါနေသည့်အတိုင်း မနက်အစောကြီး နိုးလာတော့သည်။ မျက်လုံးများကို ပွတ်သပ်လျက် ထထိုင်ရန်ပြင်လိုက်စဉ် နှုတ်ခမ်းစွန်းသို့ တစ်ချက် အနမ်းခံလိုက်ရ၏။

"စောပါသေးတယ်"

ချင်ရှောက်ယွီက သူ့ကို တင်းတင်းပွေ့ထားကာ -

"ခဏလောက် ထပ်အိပ်ပါလား"

"မအိပ်တော့ဘူး"

ရှန်ချန်းလင်က ခါးကြောဆန့်လိုက်သည်။

"ကိုကြီးနဲ့ တောင်သခင်ယဲ့ရော?"

"ယဲ့ကျင်က အိပ်နေတုန်းပဲ ရှိသေးတယ်၊ ချန်းဖုန်းကတော့ အစောကြီးကတည်းက ထပြီ၊ အခု ဆေးသွားကျိုနေမယ်ထင်တယ်"

ချင်ရှောက်ယွီက သူ့လက်ချောင်းထိပ်လေးများကို ဆွဲဖမ်းကာ နမ်းသည်။

"မနေ့က တစ်ညလုံး အိပ်တာ မငြိမ်ဘူး၊ ဟိုကန်သည်ကျောက်နဲ့၊ ဘာတွေ အိပ်မက်မက်နေတာလဲ?"

"အိပ်မက်ထဲမှာ ပေါင့်စန်းငှက်တွေ အများကြီး ရောက်လာတယ်၊ ပြီးတော့ ငါ မင်းကို ရှာမတွေ့တော့ဘူး"

ရှန်ချန်းလင်က သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ ဆိုသည်။

တကယ်တော့ iron man နဲ့ hulk ကိုလည်း မက်သေးတယ်၊ ဒါပေမဲ့ အဲ့တာ ပြောလို့မဖြစ်ဘူး!

"နောက်မဖြစ်တော့ပါဘူး"

ချင်ရှောက်ယွီက သူ့ကျောလေးကို ပုတ်ပေးသည်။

"လျှောက်မတွေးနဲ့နော်"

"အွန်း"

ရှန်ချန်းလင်သည် ပျင်းတိပျင်းတွဲလေးနှင့် ပွတ်သပ်တိုးဝင်နေသည်။ အရမ်းပဲ နေလို့ကောင်း၏။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now