Unicode>>
အခန်း (၁၉) ဝဋ်ကြွေးတွေပါတဲ့!
【ဒါကြီးက စျေးပွဲခင်းထဲကပြဇာတ်မှန်း အသိသာကြီး】
အခန်းထဲတွင် ညနေစာ ရိုးရိုးရှင်းရှင်း စားပြီးနောက် နှစ်ဦးသားသည် တစ်ဦးကို တစ်ဦး ပြူးတူးပြဲတဲနှင့် စတင်ကြည့်လာကြတော့၏။
အပြင်ထွက်မရသည့်အပြင် တခြားဘာမျှလည်း လုပ်စရာ မရှိဟူသော အချိန်မျိုးတွင် အမှန်တကယ် နေရခက်လှပေသည်။ ရှန်ချန်းလင်က အရင် စကားလမ်းကြောင်းရှာ၍ ပြောလိုက်သည်။
" မင်း သာမန်အချိန်တွေမှာ ဘာတွေလုပ်တတ်လဲ? "
ချင်ရှောက်ယွီ - " သိုင်းလေ့ကျင့်တယ် "
" ထမင်းစားပြီးခါစလည်း သိုင်းလေ့ကျင့်တာပဲလား? "
ရှန်ချန်းလင်က သူ့ကို ကြည့်သော မျက်ဝန်းများသည် သနားကြင်နာမှုများ အပြည့်ပင်။
သူရဲကောင်းလေးရယ်.. အစာအိမ်တွဲကျတဲ့ ရောဂါမရလို့ မင်း တော်တော် ကံကောင်းတာပဲ!
" စိတ်ကျဉ်းကြပ်ပြီး အပြင်ထွက်ချင်လို့လား? "
ချင်ရှောက်ယွီက သူ့ကို မေးလိုက်သည်။
" ငါက အပြင်ထွက်လို့ရလား? "
ရှန်ချန်းလင်၏ မျက်လုံးလေးများက လက်လက်ထလာပေသည်။ ထိုအခါ ချင်ရှောက်ယွီက ခေါင်းခါ၍ ပြောလိုက်သည်။
" မရဘူး "
မရတာများ ဘာလို့လာမေးတာလဲ! !
ရှန်ချန်းလင်မှာ နင်သွားရတော့၏။
သည့်ထက်ပိုပြီး အကျင့်မကောင်းလိုက်ပါဦးလား! !
" ဂိုဏ်းချုပ် "
လက်အောက်ငယ်သားတစ်ယောက်က အပြင်ဘက်မှ တံခါးလာခေါက်သည်။
" အပြင်လွှတ်ထားတဲ့လူတွေ အကုန်ပြန်ရောက်လာပါပြီဗျ၊ အဲ့တာ သည်နေရာကို ခေါ်လာရမလား? "
" မလိုဘူး "
ချင်ရှောက်ယွီက ဆိုသည်။
" အကုန်လုံးကို အနောက်ဘက် ခြံဝင်းက ခန်းမမှာ စောင့်နေခိုင်းလိုက်၊ ငါချက်ချင်း လာခဲ့မယ် "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
ऐतिहासिक साहित्यစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း