Unicode>>
အခန်း(၂) ကိုယ်ဝန်ကိုမထိခိုက်စေနဲ့!
မိုးပေါ်ကပြုတ်ကျလာသော ခင်ပွန်းလောင်းဟူသည့်ကိစ္စမှာ အလွန်အားပြင်းလွန်း၍ ရှန်ချန်းလင်မှာ လေးငါးနာရီမျှကြာအောင် သတိလစ်သွားရတော့သည်။ လုံးဝ ချက်ချင်းပြန်နိုးလာမည့် လက္ခဏာမရှိချေ! ထို့အပြင် အိပ်မက်ပင် မက်နေမိသေးသည်။ အိပ်မက်ထဲတွင် ချန်ရှောက်ယွီက ရက်စက်ကြမ်းကြုတ်စွာနဲ့ သူ့အား ဖိအားမျိုးစုံပေးပြီး ကြိုးနဲ့ဝံပုလွေအစွယ်ကိုင်လျက် မိမိကို ကြိုးတုတ်ကာ ဇွတ်ခေါ်သွားပြီး မင်္ဂလာပွဲကျင်းပစေသည်။ သည်ဖြစ်အင်ကို မြင်ကြည့်ရုံနှင့်ပင် ထိတ်လန့်လွန်း၍ သေနိုင်သည်!
"အား! ! !"
ရှန်ချန်းလင်သည် တစ်ကိုယ်လုံးချွေးများရွှဲလျက် လန့်နိုးလာလေသည်။ အခန်းထဲတွင်၍ ဖယောင်းတိုင်မီးရောင်လေးက ယိမ်းနွဲ့လျက် လေးဘက်လေးတံလုံးက တိတ်ဆိတ်ခြင်းအတိ။
တော်သေးတာပေါ့....အိပ်မက်ဖြစ်နေလို့....
ရှန်ချန်းလင်က လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ချွေးများကိုသုတ်ကာ ရေထသောက်ရန်ပြင်လိုက်သည်။ ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်လိုက်သည်နှင့် အမေးသံတစ်သံက ပျံ့လွင့်လာသည်။
"ရှင်မ ဘယ်သွားမလို့လဲ?"
"အား! ! ! ! ! ! ! !"
လိပ်ပြာတောင် လွင့်တော့မယ်ဟ! !
ရှန်ချန်းလင်၏ မျက်နှာတစ်ခုလုံး သွေးရောင်မဲ့ဖြူဆုတ်သွားသည်။ ခေါင်းလှည့်ကြည့်ရာ ခုတင်၏ အတွင်းပိုင်းတွင် ချင်ရှောက်ယွီက ဘေးတစ်စောင်းလှဲလျောင်းကာ နှုတ်ခမ်းဖျားများ ကော့ညွတ်တက်လျက် ပြုံးစစမျက်နှာပေးဖြင့် မျက်ခုံးပင့်ပြနေသည်။
အရမ်းအရမ်းကို မိစ္ဆာကောင်နဲ့တူတယ်! !
"မင်း မင်း မင်း ဘယ်လိုလုပ်ပြီး ငါ့ခုတင်ပေါ်ရောက်နေတာလဲ ? !"
ရှန်ချန်းလင်က တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
ပြီးတော့ ကုတင်ပေါ်ရောက်နေတာက ထားပါတော့...ဘာလို့ အင်္ကျီတွေက ဟောင်းလောင်းပွင့်နေရပြန်တာလဲ...မင်းရဲ့ရင်ဘတ်တွေ ပခုံးသားတွေ မြန်မြန်ပြန်ဖုံးလိုက်စမ်း! !
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Fiction Historiqueစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း