အခန်း (၁၆) သေချာပေါက်လက်ထပ်မှမဟုတ်ဘူး
[ဒါပေမယ့် သေချာပေါက် တောင်ပိုင်းဒေသကို သွားရမယ်!]
နှစ်ယောက်က လက်ဖက်ရည်သောက်နေစဉ် တစ်ဝက်ခန့်ကုန်သော် ရုတ်ခြည်း အောက်ထပ်မှပျံ့လွင့်လာသော ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတော့သည်။
" ချင်ရှောက်ယွီ! "
အသံက အလွန်နွဲ့လျသောကြောင့် နားထောင်လိုက်ရုံနှင့် မည်သူမှန်း သိနိုင်သည်!
ရှန်ချန်းလင်က "ဝှစ်" ကနဲ ခုနက ချည်အိတ်ကလေးကို ရင်ဘတ်ထဲ သိမ်းလိုက်တော့လေသည်။
လေအလျင်ထက်တောင် မြန်သေး၏!
ချင်ရှောက်ယွီမှာ ထိုအခြင်းအရာကို ကြည့်ရင်း နဖူးကို လက်ထောက်ကာ ရယ်လေသည်။
ရှန်ချန်းလင်က သူ့ထံ ဒေါသအကြည့်တစ်ချက် ပို့လိုက်ပါ၏!
မင်းနှမကို ရယ်နေလိုက်! ငါက မင်းအတွက် တရားမဝင် ပစ္စည်းသက်သေကို ကိုယ်စား သိမ်းပေးတာပါနော်!
"ချင်ရှောက်ယွီ! "
ယင်လော့ရွှယ်က ဝုန်းဒိုင်းကြဲ၍ ရောက်လာသည်။
"ငါ့ကို ပစ္စည်းပြန်ပေး! "
" ဘာပြန်ပေးရမှာလဲ? "
ချင်ဂိုဏ်းချုပ်က နားမလည်နိုင်သည့် မျက်နှာဖြင့်။
အောင်မလေး နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ပဲ!
အကယ်ဒမီသရုပ်ဆောင် ရှန်က စိတ်ထဲတွင် တိတ်တိတ်ကလေး ထောပနာ ပြုလိုက်၏။ ထို့နောက် သူကလည်း ထပ်တူညီစွာပင် ခြောက်ပစ်ကင်းသဲလဲစင်သည့် အပြစ်ကင်းသူ သနားကမားရုပ်ကလေး လုပ်ကာ ချင်ရှောက်ယွီနှင့်အတူ ယင်လော့ရွှယ်ကို မော့ကြည့်လိုက်လေ၏။
လင်နှင့်မယား ရှေ့သွားနောက်လိုက်ညီလှ၏။
မျက်စိရှေ့က အူတိအူကြောင်လုပ်နေသော လူနှစ်ယောက်အား ကြည့်ရင်း ယင်လော့ရွှယ်၏ ဒေါသများ အုံကြွလာတော့၏။
"နှင်းသလင်းပြာက ဝူရွှယ်မန်ဂိုဏ်းရဲ့ အထွတ်အမြတ်ပစ္စည်း.. အပြင်လူလက်ထဲကို ရောက်သွားလို့မရဘူးကွ! "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း