အခန်း (၁၂၁) အဆက်

3K 438 38
                                    

ဇာမဏီတောင်ပေါ်တွင် ယဲ့ကျင်က ရှန်ဟန်လေးအား စာလုံးမှတ်နည်း(စာ) သင်ပေးနေသည်။ ကလေးက တစ်ဖက်က စပျစ်သီး စားရင်း တစ်ဖက်က သူ့ကို ခွံ့ကျွေးပြန်၏။ ကြည့်လိုက်လျှင် အင်မတန် နွေးထွေးနေသည်။

ရှန်ချန်းဖုန်းသည်ကား ဓားကို ပိုက်လျက် သစ်ပင်ပေါ်တွင် ထိုင်နေလျက် မျက်ဝန်းတို့က အနည်းငယ် ပူစပ်လာနေ၏။

ဘယ်အချိန်ကျမှများ မိမိကိုလည်း ခွံ့ကျွေးနိုင်ပါမည်လဲ။

"ရှစ်ဖူက တစ်ချိန်လုံး ကျွန်တော်တို့ကို သစ်ပင်ပေါ်ကနေ ကြည့်နေတယ်"

ကလေးက တိုးတိုးလေး ပြောသည်။

"သူ့အပူပါလား"

ယဲ့ကျင်က ကလေးကို ပွေ့ထားလျက်ပင် နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။

"မမြင်ချင်ယောင်ဆောင်နေလိုက်"

"သူက ဦးဦးကို စိတ်ဆိုးအောင် လုပ်ထားတာလားဟင်?"

ကလေးက မေးသည်။

"စာပဲသေချာကျက်!"

ယဲ့ကျင်က သူ့ခေါင်းလေးကို ခေါက်လိုက်ပြီး ဆိုသည့်တိုင် ကလေးက သရဲမျက်နှာလုပ်ပြ၍ ပြောင်လိုက်ပြီးမှ ဆက်လက်ပြီး တစ်လုံးချင်း ကျက်မှတ်လေသည်။

ဇာမဏီကြီးတစ်ကောင်က ပျံသန်းလာပြီး အေးစက်ကြော့ရှင်းစွာဖြင့် စားပွဲထက်သို့ မုန့်ချိုတစ်ထုပ် ပစ်ချလိုက်သည်။ ထို့နောက် ရှည်လျားလှသော အမြီးရှည်ကြီးကို တရွတ်ဆွဲလျက် ဖြည်းဖြည်းချင်း ကောင်းကင်ယံသို့ ပြန်တက်သွားတော့သည်------- ရှေးဟောင်းနတ်မျိုးနွယ် သားရဲကောင်အနေနှင့် မိမိအား စာပို့ခိုပမာ အသုံးချခြင်းအပေါ် အင်မတိ အင်မတန် မကျေမချမ်းဖြစ်နေကြောင်း သိသာလှစွာပင်။ ထို့ကြောင့် ဝန်ဆောင်မှုပေးပုံကတောင် အလွန်ညံ့သွားရပြီပင်။

ယဲ့ကျင်က ဆီစိမ်ခံစက္ကူအိတ်ကို ဖွင့်ကြည့်လိုက်သော် အထဲတွင် အရောင်အသွေးမျိုးစုံနှင့် လမုန့်များဟာ အမှုန့်မှုန့်အညက်ညက်ကြေလို့ လက်ဖြင့် ပြန်ဆုပ်ထွေးလျှင်တောင် အခဲဖြစ်မလာနိုင်တော့ပေ။

ကလေးသည် အနည်းငယ် နှမြောသွားပြီး အမှုန့်လေးများကို လက်ညှိုးလေးဖြင့် တို့ကာ စားကြည့်နေသည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now