Unicode>>
အခန်း (၂၆) ရင်းနှီးတဲ့လူနဲ့လာဆုံနေတာပဲ!
【ရှန်ရှောင်ရှို့လေးကို လုယူမဲ့လူရှိတယ်】
- T/N- ရှန်ချန်းလင်ကို ရှို့(uke)လေးလို့ ခေါ်တဲ့အနေနဲ့ ရှန်ရှောင်ရှို့လို့ သုံးတတ်ပါတယ် -
လက်တွေ့လုပ်ပြခြင်းဟာ တစ်ခါတလေတော့လည်း အင်မတန် အသုံးဝင်ပါသည်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ပြလိုက်ခြင်းက လေပြေလေးနှင့် ပြောဆိုနားချနေရသည်ထက် အများကြီး သာပေသည်။ ထို့ကြောင့် တစ်နာရီမျှ ကြာသော် ဟွားထန်၏ စိတ်တိုင်းကျအဖြေကို ရသွားပြီး ဆေးဖော်ခန်းသို့ ထွက်သွားတော့လေသည်။ ပိုင်လျန်ဟွားကတော့ အညိုအမဲစွဲနေသော မျက်နှာနှင့် အကျဉ်းခန်းထဲသို့ ပြန်ခေါ်သွားခံလိုက်ရတော့သည်။
" မင်းတို့ မိစ္ဆာဂိုဏ်းက လူတွေများ ဘာလို့ အဲ့လောက်တောင် တုံးရတာလဲ "
သူ့ကို ဆွဲခေါ်သွားသော အစောင့်တပ်သားက တစ်ဖက် ခေါ်သွားရင်း တစ်ဖက်က အပြစ်တင်နေသည်။
" အနှေးနဲ့ အမြန်ပြောပြရမှာပဲကို ဘာကိစ္စ အထိုးအနှက်ခံပြီးမှ ပြောရတာလဲနော်! "
" ဟုတ်ပါ့ ဟုတ်ပါ့ "
ဘေးက နောက်တစ်ယောက်က ဝင်ထောက်ခံသည်။
" လက်ဝဲရံက လူတွေကို ရိုက်နှိက်တဲ့နေရာမှာ အရက်စက်အကြမ်းတမ်းဆုံးလို့ နာမည်တောင် ထွက်ထားတာကိုနော်.. မင်းက အလကားနေရင်း တမင်သက်သက် သွားစိန်ခေါ်တာကိုး! "
" နောက်တစ်ခါ သူထပ်မေးလာခဲ့ရင် မင်းလုံးဝ ဒီလိုထပ်လုပ်လို့မရဘူးနော် "
" အသက်ကို လုံခြုံအောင် ထားဖို့ အရေးအကြီးဆုံးပဲ.. ဘာမှ ဂုဏ်တွေ သိက္ခာတွေ လုပ်မနေနဲ့ "
" မင်းအခုကြည့်.. အရိုက်ခံထားရတာများ ခရမ်းရောင်တောင် ဖြစ်နေပြီ "
............
မင်းတို့ကောင်တွေ ပါးစပ်ပိတ်ထားစမ်း။
ပိုင်လျန်ဟွားမှာ ငိုချင်နေပြီဖြစ်သည်။
နာမည်ကြီး သူတော်ကောင်းဂိုဏ်းဆိုပြီး မင်းမေတဲ့မှ... ကြောက်ဖို့ကောင်းလိုက်တာ.......
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historische Romaneစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း