စာဖတ်သူများ ပျော်ရွှင်ဖွယ်သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေနော်။
ဒီနေ့ ပြောပြချင်တာက... 'သိုင်းလောကတစ်ခုလုံး ဗရုတ်သုတ်ခတွေချည်းပဲ' ဝတ္ထုလေးက အရင်ပျက်သွားတဲ့ account က စာတွေရော အကုန်ပြည့်စုံအောင် ပြန်တင်ပြီးသွားပါပြီဆိုတာပါ။ ကျန်တဲ့အပိုင်းတွေကိုလည်း ပုံမှန်အတိုင်း ဘာသာပြန်ပြီး တင်သွားပေးပါမယ်နော်။
လောလောဆယ် အခန်း (၁) ကနေပြီး ပြန်ပြီးသည့် အခန်း (၁၂၂) ထိ အပြည့်အစုံ ရှိပါမယ်။ စာဖတ်သူ အသစ်တွေ ရှိတာမို့ တကယ်လို့ ရှန်ချန်းဖုန်းရဲ့ဟိုကိစ္စက comment တွေမှာ ထပ်ပြီး အငြင်းပွားစရာ၊ ပုတ်ခတ်တာတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဟာနဲ့ပတ်သတ်ပြီး လန်ပြောဖူးတဲ့ note တွေပါ ပြန်တင်ပါမယ်နော်။
အဓိက ဒီနေ့ ဒီအပိုင်းလေး ရေးတင်ရခြင်းကတော့ ၊ မနှစ်က အောက်တိုဘာလကုန်မှာ လန့်ရဲ့ wattpad account တစ်ခုလုံးပျက်ပြီး စာတွေကလည်း လန့်ဘာသာ draft သပ်သပ် မသိမ်းထားလိုက်ရဘဲ အကုန်ပါသွားတော့ အခုလိုမျိုး အစုံအလင် ပြန်တင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေဖြစ်သွားပါတယ်။ အဲကာလတွေမှာ စိတ်ဓာတ်တွေလည်း ကျသွားတာရယ်။ ဘာလို့ဆို အစဆုံး ပြန်တင်ဖို့ဆို လန့်ဘာသာပဲ နောက်ထပ်တစ်ခါ အခန်း ၄၀ ကျော်၊ ၅၀ ကျော်လောက် ထပ်ပြီး ပြန်ရေးမှပဲ ရတော့မှာမို့လေ။
ဒါပေမဲ့ စာဖတ်သူ တော်တော်များများက လန့်ကို လာမေးကြတယ်။ သူတို့ဆီမှာ ဖတ်လို့ရသေးတယ်၊ ဘယ်လိုကူညီပေးရမလဲ၊ သူတို့ဘယ်လိုလုပ်ပေးရမလဲပေါ့။
အကုန်ပျက်သွားတဲ့အချိန်မှာ (ကိုယ့်ပေါ့ဆမှုလည်း ပါတဲ့အတွက်) တော်တော်လေး နောင်တရပြီး စိတ်မကောင်းဖြစ်နေချိန်မှာ စာဖတ်သူတချို့က အဲလိုကူညီပေးမယ်ဆိုပြီး လာရှာကြတော့ တကယ်ကို စိတ်ရင်းနဲ့ အားဖြစ်သွားပါတယ်။ စိတ်ထဲမှာ 'အော် ငါ ကောင်းတာတစ်ခုလုပ်ခဲ့တာပဲ ဖြစ်မယ်၊ အဲတာကြောင့် ငါ့ကို ကူညီပေးလိုတဲ့သူတွေ ရှိနေတာပဲ' ဆိုတဲ့ ပီတိလို့ပဲ ပြောရမလား ဝမ်းသာရတာပေါ့နော်။
လင်အာကိုက အရမ်းချစ်လို့ ဘာသာပြန်ဖြစ်ခဲ့တာဆိုပေမဲ့ ဘယ်သူ့ဆီကမှ ဘာတုံ့ပြန်မှုကို လိုချင်ခဲ့တာ မဟုတ်တော့ အဲလိုမျိုး အကုန်ပျက်ကျသွားတဲ့အခါမှာ လူတွေဆီကနေ လင်အာကို ချစ်လို့ ကူညီပေးချင်တာပါ၊ လင်အာကို ပြန်ပေးတဲ့လန့်ကို သဘောကျလို့ ကူညီပေးချင်တာပါ၊ (ရှားဖော့လန် ချန်ကုနဲ့ တွေ့ဆုံပေးခဲ့လို့ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ကူညီပေးချင်တာပါ) စတဲ့ စကားလေးတွေ ပြန်ကြားရတော့..... တကယ်ကို လန် ကောင်းမွန်တဲ့ဝတ္ထုတွေကို ကြိုးကြိုးစားစား အားထုတ်ပြီး ဘာသာပြန်ပေးခဲ့လို့ ဒီလိုတုံ့ပြန်မှုမျိုး ရတာပါလားလို့ ယုံကြည်သွားပါပြီ။
သိုင်းလောကတစ်ခုလုံး ဗရုတ်သုတ်ခတွေချည်းပဲ ဝတ္ထုကို အစဆုံး စုံလင်စွာနဲ့ ပြန်တင်ပေးနိုင်အောင် ကူညီပြီး စာဖိုင်တွေ ပြန်ဖြည့်ပေးခဲ့တဲ့ ညီမလေး ယဉ်မင်းကို အထူးတလည် အများကြီး အများကြီး ကျေးဇူးတင်ကြောင်း ပြောပြရင်း ၊ ညီမလေး ယဉ်မင်းကျေးဇူးနဲ့ ပြန်ဖတ်နိုင်ကြောင်းကိုလည်း စာဖတ်သူများထံ အသိပေးပါတယ်။ 🤍🤍🤍
ကူညီပေးသူအားလုံးကို ကျေးဇူးတင်လျက်။ 🤍
လန်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း