အခန်း (၃၈) တကယ်မျက်စိကျိန်းပြီးကန်းတော့မှာပဲ!

1.3K 145 9
                                    

Unicode>>

အခန်း (၃၈) တကယ်မျက်စိကျိန်းပြီးကန်းတော့မှာပဲ!

ဖုန့်ကျိုယဲ့၏ အကြည့်လေး တစ်ချက်!

ဤကဲ့သို့သော ပရောပရည် 【ပီ-----】စကားများကို ရင်ဆိုင်ရာတွင် ရှန်ချန်းလင်သည် တစ်ခါတည်း လက်ဝါးတစ်ချက်ပဲ ရိုက်ချလိုက်တော့သည်။

" ငါနဲ့ ဝေးဝေးနေ! "

" ယောကျ်ားမှာတော့ မင်းအတွက် သည်ကိစ္စကို သဘောတူလိုက်ပြီး ပန်းသူခိုးလာဖမ်းပေးတာကို "

ချင်ရှောက်ယွီက သူ့နှာဖျားကို ညှစ်ကာ -

" နည်းနည်းလေးတောင် ဆုမချတော့ဘူးလား? "

" ဒါလည်း ဆုချရဦးမှာလား? "

ရှန်ချန်းလင်က အထင်အမြင်သေးသော မျက်လုံးများနှင့် သူ့ကို ကြည့်နေသည်။

" နည်းနည်းလောက် ကိုယ့်ရဲ့ သူတော်ကောင်း ဂိုဏ်းမျက်နှာလေး ထောက်ပြီး ကျင့်ကြံစမ်းပါကွာ! မကောင်းမှုကို ဖယ်ရှားပြီး လူတွေကို ကြင်နာသနားပြီး ကူညီပေးရမှာ မင်း တာဝန်ယူရမဲ့ အလုပ်မဟုတ်ဘူးလား! "

" ဟင့်အင်း ၊ မဟုတ်ပါဘူး "

ချင်ရှောက်ယွီက ဆိုသည်။

" သည်လို အပိုအလုပ်တွေ လုပ်ချင်တဲ့လူ သွားလုပ်ကြပါစေ ၊ ကိုယ်နဲ့ ဘာဆိုင်လဲ? "

ရှန်ချန်းလင် - .........

ဟုတ်ပါတယ်... ငါကိုယ်က သူ့ကို အထင်ကြီးသွားမိတာ!

တီဗွီဇာတ်လမ်းတွေထဲမှာပါတဲ့ သူရဲကောင်း ဘာညာတွေဆိုတာ အကုန် လူတွေကို လိမ်နေတာပဲ! ! !

လီအိမ်၏ သားအကြီးဆုံးက အင်မတန် အားနည်းပျော့ညံ့သူ ဖြစ်တာကြောင့် သည်တစ်ရက်နှစ်ရက်တော့ သူ့ကို သွားမကြည့်နိုင်သေးချေ။ သို့နှင့် ညစာစားပြီးသော် အခန်းသို့သာ ပြန်လာလိုက်ကြတော့သည်။

" သည်လောက်အစောကြီး အိပ်တော့မလို့လား? "

ရှန်ချန်းလင်က ပါးမို့မို့လေးအား လက်ဖြင့် ထောက်ထားပြီး ပြောသည်။ သူသည် ပျင်းတိပျင်းတွဲနှင့် စားပွဲခုံကို ခေါက်နေသေး၏။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now