【အားလုံးအတူတူ သရုပ်ဆောင်ကြမယ်】
" သရုပ်ဆောင်တယ်? "
ရှန်ချန်းလင်က အံ့အားသင့်သွားရသည်။
" လုံးလုံးလျားလျား မရှိနေတဲ့ ပန်းခြွေသူကို မြင်လိုက်ရတယ်ဆိုကတည်းက သရုပ်ဆောင်ပြတာကလွဲရင် တခြား ဘာရှိနိုင်ဦးမလဲ? "
ချင်ရှောက်ယွီက ဆိုသည်။
" တကယ်လို့ သူလုပ်တာသာဆိုရင်.. သူက ဘာအကြောင်းအရင်းနဲ့လဲ? "
ရှန်ချန်းလင်က အလွန်အမင်းကို နားမလည်နိုင်။
" ပြီးတော့ သူက သူ့အစ်ကို အရင်းကို ဒုက္ခပေးသေးတယ် "
တကယ်တမ်း ရင်ဆိုင်သင့်တာက လီပေါ်ထျန်းကို မဟုတ်ဘူးလား!
" သည်ကိစ္စက နောက်မှ ကိုယ်မင်းနဲ့ ရှင်းပြမယ် "
ချင်ရှောက်ယွီက သူ့ကို ဖိနပ်သေချာ စီးပေးလိုက်သည်။
" အရင်ဆုံး လီပေါ်ဟောက်ကို သွားကြည့်ကြမယ်! "
" အွန်း "
ရှန်ရှောင်ရှို့၏ အဆိပ်မပြေသေးသည့် တင်ပါးလေးက အနည်းငယ် နာကျင်နေသည်။
လမ်းလျှောက်လျှင် ဟိုရမ်းသည်ရမ်းနှင့် ဘဲပေါက်စလေး ဖင်ရမ်းနေလိုလို။
ချင်ရှောက်ယွီ - ...........
" ဘာလဲ! "
ရှန်ချန်းလင်က ဒေါသမျက်လုံးဖြင့် သူ့ကို အပြစ်တင်ကာ ကြည့်နေသည်။
" ငါ အဆိပ်မိတာကိုက မင်းရဲ့လစ်ဟင်းမှုလေ.. မင်းအစောတုန်းက ငါ့အစ်ကိုကြီးကို ဘယ်လိုကတိပေးထားလဲ! "
" သူ့ကို ကတိပေးထားတာက မင်းကို အသားတစတောင် မလျှော့သွားစေရပါဘူးလို့လေ "
ချင်ရှောက်ယွီက သူ့ကို ဖက်၍ ညှစ်လိုက်ကာ -
" အခုလည်း မပိန်သွားဘူးလေ ၊ နည်းနည်းတောင် ဝလာသေးတယ် "
ရှန်ချန်းလင်က အံကြိတ်၍ ထိုသူ့မျက်နှာကိုသာ ဆွဲညှစ်ပစ်လိုက်တော့သည်။
တကယ် စိတ်ရှုပ်တယ်!
ကျွေးယင်နန်းမှ လူအပေါင်းသည်လည်း ရှန်ချန်းလင်၏ ဘဲသွားသွားနည်းကို မြင်ပြီးနောက် မျက်ရည်ဝဲလျက် ထောပနာပြုမိသည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
أدب تاريخيစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း