အခန်း (၁၁၉) အမွေးလုံးက အိပ်ချင်ရုံလေးပါပဲဟာ!

3.3K 428 38
                                    

အခန်း (၁၁၉) အမွေးလုံးက အိပ်ချင်ရုံလေးပါပဲဟာ!

တကယ်ပဲ အရမ်းသနားစရာကောင်းတယ်နော်!

"ကိုယ့်ဒဏ်ရာတွေလည်း အကုန်လုံး နီးပါး ပြန်ကောင်းနေပြီ"

တစ်ညသောအခါတွင် ချင်ရှောက်ယွီက ရှန်ချန်းလင်ကို အဖော်ပြုလျက် ခြံဝန်းထဲ လေညင်းခံရင်း ပြောလာသည်။

"မနက်ဖြန် တောင်အောက်ဆင်းပြီး ချန်းဝုရွှေကျိုက်ကို ဝင်ပြီးတာနဲ့ ကိုယ်တို့ နန်ဟိုင်ကို ခရီးဆက်ကြရင် ဘယ်လိုလဲ"

"အင်း"

ရှန်ချန်းလင်က လွှဲကုလားထိုင်လေးပေါ် လှဲလျောင်းကာ ကြယ်တွေကို ကြည့်ရင်း ခေါင်းညိတ်သည်။

"မင်းကို စောစောလေး ကျွေးယင်နန်း ပြန်ခေါ်သွားချင်နေပြီ"

ချင်ရှောက်ယွီက သူ့ကို မိမိရင်ခွင်ထဲ ဆွဲသွင်းကာ -

"ကိုယ် လူလွှတ်ပြီး မင်းအတွက် ဝါးအိမ်ကလေး ဆောက်ခိုင်းထားပြီးပြီ။ ပန်းခင်းကြီး တစ်ခင်းတိတိရော စိုက်ပျိုးထားပြီ။ နွေရာသီကျရင် ရှုခင်းတွေ ခံစားကြည့်ရှုရင်း လေညင်းခံ အေးမြနေနိုင်ရုံတင်မကဘူး၊ လတ်လတ်ဆတ်ဆတ် ပန်းတွေနဲ့ သေရည်ဖောက်လို့ရဦးမယ်"

"မင်း ကိစ္စတစ်ခုကို မစဉ်းစားမိဘူးလား"

ရှန်ချန်းလင်က အလွန်ပင် လေးနက်သော အမူအရာဖြင့် ပြောသည်။

"ဘာလဲ"

ချင်ရှောက်ယွီက မေးသည်။

"ငါ ကျွေးယင်နန်းကို လိုက်လာပြီးရင် ဘာလုပ်ရမှာလဲ"

ရှန်ချန်းလင်က မဲ့ကာပြောသည်။ သို့ရာ ချင်ရှောက်ယွီကတော့ ရယ်မိသွားသည်။

ဒါက နည်းနည်းလေးမှ မရယ်ရပါဘူးနော်!

ရှန်ချန်းလင်က သူ့ပါးကို ညှစ်ကာ -

"မင်းကြည့်လေ၊ ငါက ဘာမှလည်း မလုပ်တတ်ဘူး"

နားထောင်ရတာ ခပ်တုံးတုံးပုံစံပေါက်ပေမဲ့ တကယ့်အဖြစ်မှန်ပဲလေ!

"မင်း ဘာဆိုဘာမှ လုပ်စရာ မလိုဘူး"

ချင်ရှောက်ယွီက သူ့လက်ကလေးကို ဆုပ်ကိုင်ပြီး နှုတ်ခမ်းဖြင့် ထိအပ်ကာ နမ်းလိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now