အခန်း (၄၅) လီပေါ်ဟောက်!

1.7K 176 19
                                    

အခန်း (၄၅) လီပေါ်ဟောက်!

【ရဲတင်းလွတ်လပ်လှသော အပြာစာအုပ်!】

ဒုတိယနေ့တွင် ရှန်ချန်းလင်သည် နေ့လယ်ခင်းရောက်လုနီးပါးမှသာ အိပ်ရာနိုးလာတော့၏။ အရက်မူးထားသော အရှိန်နှင့် ခေါင်းကိုက်နေသည့်အပြင် အလွန်ပင် ရေငတ်နေသည်။ လူတစ်ကိုယ်လုံးကလည်း မူးဝေဝေနှင့် နည်းနည်းလေးမျှ အားမရှိသည့်နှယ်။

" သခင်လေး နိုးပြီလား? "

သူ့ချောင်းဆိုးသံကို ကြားသော် ဟွားထန်က တံခါးတွန်းဖွင့်၍ ဝင်လာ၏။

" အင်း "

ရှန်ချန်းလင်သည် စောင်ကိုပိုက်၍ ထထိုင်လိုက်ပြီး ညည်းညူလေသည်။

" ခေါင်းမူးလိုက်တာ "

" သေရည်မူးပြီးနောက်ပိုင်း အဲ့လိုပဲ ဖြစ်တတ်ပါတယ် "

ဟွားထန်က သူ့ကို ရေတစ်ခွက် ကမ်းပေးလိုက်သည်။

" ဂိုဏ်းချုပ်က ငါးအသားပြုတ်နဲ့ ဆန်ပြုတ်လုပ်ခိုင်းထားတယ် ၊ ပြီးတော့ သခင်လေးကို သေရည်လုံးဝ ထပ်မသောက်ပါနဲ့တဲ့ "

ငါလည်း တကယ်တော့ အရက်သောက်ရတာ ကြိုက်တဲ့လူ မဟုတ်ပါဘူး!

ရှန်ချန်းလင်ကလည်း ညှိုးငယ်စွာ ပြောသည်။

" မဟုတ်ရင်.. ကျုချင်းလန်ကို ခေါ်လိုက်ရမလား? "

သူ့စိတ်အခြေအနေ သိပ်မကောင်းတာကို မြင်သော် ဟွားထန်က ဆိုခြင်းပင်။

" သခင်လေးကို အဖော်လုပ်ပြီး လက်ဖက်ခြောက်သုံးဆောင်ရင်းပေါ့ "

ငိုး! သေချာပေါက် မခေါ်ချင်ပါဘူး!

ရှန်ရှောင်ရှို့က မျက်လုံးများကို မှေးမြောင်း၍ -

" ငါနဲ့ သူ မရင်းနှီးဘူးလေ "

" သူက အရမ်းကောင်းပါတယ် "

ဟွားထန်က ဆက်ဆိုသည်။

" ပြီးတော့ ပညာဗဟုသုတနဲ့ ပြည်စုံပြီး စိတ်ဝင်စားဖို့ ကောင်းတယ် "

ဘာတွေများ ပညာဗဟုသုတ စုံစရာ ရှိလို့လဲ!

ရှန်ချန်းလင်က အရေးမထားပေ။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now