အခန်း (၈၈) ချောက်ကမ်းပါးယံထက်ကတိုက်ပွဲ!
【ကံကြီးလို့မသေတဲ့အခါဝယ်!】
"မဝတ်ရပါဘူး"
ဂိုဏ်းချုပ်ချင်က အင်မတန်မှ ဖြစ်သင့်ဖြစ်ထိုက်သည့်နှယ် ပြောလာသည်။ ပြီးလျှင် ညာဘက်လက်ကို တစ်ခါတည်း တင်ပါးပေါ် တင်ထားလိုက်သေးသည်။
ရှန်ရှောင်ရှို့ဟာ ဒေါသထွက်ထွက်နှင့် လက်ပြန်ရိုက်ချတော့၏။
တကယ်ပဲ အရမ်းစိတ်ရှုပ်တယ်!
"ဒါမှမဟုတ် ကိုယ်လည်း ချွတ်လိုက်ရမလား?"
ချင်ရှောက်ယွီက ထပ်မံ အကြံပြုသည့်နှယ် -
"သည်လိုဆို တရားမျှတသွားမယ် မဟုတ်လား"
ရှန်ချန်းလင်သည် အားပျက်လျော့စွာ -
"အဲ့လိုတော့ တော်ပါပြီ"
"ဘာလို့လဲ?"
ချင်ရှောက်ယွီက ကိုယ်ကို တစ်ပတ်လှည့်ကာ သူ့ကိုယ်ပေါ်ကနေ ဖိထားလိုက်သည်။ ခန္ဓာကိုယ်အောက်ပိုင်းရှိ အစိတ်အပိုင်းတစ်ခုဟာတော့ အလွန့်အလွန်ကို တက်ကြွနေဟန်ပင်။
"အိပ်တော့မယ်လို့ ပြောပြီးသား မဟုတ်ဘူလားကွာ?"
ရှန်ရှောင်ရှို့၏ ဗိုက်သားများသည် မိုးပေါ်မျက်နှာမူလျက် အလွန်ပင် ကြေကွဲနေသည်။
"မင်းအိပ်လေ"
ချင်ရှောက်ယွီက သူ့နားအနားကပ်၍ တီးတိုးပြောသည်။
"ကိုယ်က မင်းကို အိပ်မယ်"
ရှန်ချန်းလင် - ........
သူရဲကောင်း မင်းသိက္ခာလေးလည်း အဖတ်ဆယ်ပါဦး!
"မတ်တပ်လေးဆို မကောင်းဘူးလားလို့?"
ချင်ရှောက်ယွီက သူ့နားသန်သီးလေးကို ငုံထွေးကာ ဆိုသည်။
မေငိုး!
အဲ့တာ သေချာပေါက် မကောင်းဘူးပေါ့!
မတ်တပ်ရပ်ပြီး လုပ်ရတာ သိပ်ခက်ခဲတယ်နော် သိရဲ့လား!!!
လမ်းတောင် ကောင်းကောင်း မလျှောက်တတ်သေးဘူး အပြေးသင်ချင်နေတယ်!!
ရှန်ချန်းလင်သည် ဒေါသဖြင့် -
"မင်းကို ပြောပြီးပြီလေ အဲ့သည် ပေါက်တတ်ကရ စာအုပ်တွေ မဖတ်ပါနဲ့လို့!"
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း