အခန်း (၉၂) ဇာမဏီကြီးနှင့်ဇာမဏီလေး!
【တကယ်တော့ လယ်စိုက်ပြီး နေထိုင်ရတာလည်း မဆိုးလှပါဘူး!】
"သည်လောက်သေးတဲ့ အကောင်ပေါက်လေးက သွေးဘယ်လောက်သောက်နိုင်မှာမို့လဲကွာ"
ချင်ရှောက်ယွီက သူ့အမူအရာကြောင့် ပြုံးစစနှင့် ပြောလိုက်သည်။
"ကျီ!"
ဇာမဏီငယ်လေးကလည်း ပဲစေ့နက်နက် မျက်လုံးလေးများကို ဖွင့်ကာ ပြူးတူးတူးလေး ကြည့်သည်။
ပုံစံက တကယ်ပဲ အပြစ်ကင်းသူလေးနှယ်!
ရှန်ချန်းလင်သည် အမွေးလုံးကို စားပွဲ၏ တစ်ဖက်ရှိ အသိုက်ထဲ ဆွဲသွင်းလိုက်ပြီး -
"မင်း.. မလှုပ်နဲ့!"
ဇာမဏီငယ်လေးဟာ ပုန်ကန်စွာပင် ခြေသည်းတစ်ဖက် ဆန့်ထုတ်သည်။
ရှန်ရှောင်ရှို့က ချက်ချင်းပင် ကြိမ်းမောင်းဟန် မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။
".......ကျိ"
ဇာမဏီငယ်လေးသည် နှေးတိနှေးတုံ့ဖြင့် ခြေသည်းကို ပြန်သိမ်းသွားပြီး လိမ်လိမ်မာမာနှင့် အသိုက်ထဲတွင် မှောက်ကာ သေချင်ယောင်ဆောင်နေလိုက်၏။
ရှန်ချန်းလင်က လှည့်ထွက်ပြီး ယောကျ်ားကို ဆုံးမရန် ပြင်လိုက်သည်။
"မင်း----"
"သွေးက မတိတ်တော့ဘူး!"
ဂိုဏ်းချုပ်ချင်သည် ဉာဏ်ပြေးစွာဖြင့် လက်ကို မြှောက်ပြလိုက်သည်။
ရှန်ချန်းလင် - ..........
ချင်ရှောက်ယွီက အင်မတန် လေးနက်စွာနှင့် -
"သည်အတိုင်းဆို သွေးချောင်းစီးတော့မှာပဲ"
"အပိုတွေ လျှော့ပါဦး"
ရှန်ချန်းလင်မှာ ရယ်လည်း ရယ်ချင်၊ ဒေါသလည်း ထွက်မိလေသည်။ သူက ခုတင်ဘေး၌ ထိုင်ကာ ဆေးထည့်ပေးလိုက်သည်။
"စိတ်ဆိုးသွားပြီလား?"
ချင်ရှောက်ယွီက အခွင့်အရေးကို အမိအရဖမ်း၍ မေးသည်။ ရှန်ချန်းလင်က သူ့လက်ပေါ်က သွေးစများကို သန့်စင်ပေးရင်း -
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း