Unicode>>
အခန်း (၁၅) နှင်းသလင်းပြာ!
【ဇနီးလေးအတွက်လက်ဆောင်ပစ္စည်းခိုးပေးမယ်】
"တုပတယ်? "
ချင်ရှောက်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
" ထားလိုက်တော့.. ထားလိုက်တော့.. ဒါမပြောတော့ဘူး "
ရှန်ချန်းလင်က လက်ကာပြလိုက်သည်။
" ဒီနေရာက ဘာလုပ်တဲ့နေရာလဲ? "
" ပြဇာတ်ကြည့်တဲ့နေရာ "
ချင်ရှောက်ယွီက ပြောသည်။
ပြဇာတ်ရုံ? ရှန်ချန်းလင်က ကြားကြားချင်း စိတ်ဝင်စားမှု အလုံးစုံ ပျောက်ဆုံးသွားပြီး ဝါးကနဲတောင် သမ်းလိုက်တော့လေသည်။
တိုင်းပြည်၏အထွတ်အမြတ် ယဉ်ကျေးမှု ရတနာတစ်ပါးဖြစ်သော်ငြား နားမလည်တာက နားမလည်တာပင်။ သည့်နောက်ပိုင်းတွင် နောက်ထပ် ဘယ်တော့မှ 3D ကို စခရင်မ်ကြီးဖြင့် ကြည့်ခွင့်မရတော့ဘူး ဟု တွေးလိုက်မိတိုင်း ၊ ဒီနေရာကြီးမှာပဲ လက်ကျန်ဘဝကြီးကို ကုန်ဆုံးသွားရတော့မယ်မှန်း တွေးမိတိုင်း ၊ ရှန်ချန်းလင်က အလွန်အမင်းကို နံရံကို ခေါင်းနှင့်ဝင်ဆောင့်ပြီး အချိန်နောက်ပြန်ခရီးသွားလိုက်ချင်သည်။
" မသွားချင်ဘူးလား? "
ချင်ရှောက်ယွီက သူ့ကိုမေးသည်။
သေချာပေါက် မသွားချင်ဘူးပေါ့!
ရှန်ချန်းလင်က ရိုးရိုးသားသား ခေါင်းခါပြလိုက်သည်။
အခုအချိန်မှာ ဓားမကြီးကို ရမ်းခါပြီး ကစားပြမယ်ဆိုရင်တောင် ပြဇာတ်ကြည့်ရတာထက်တော့ သာတယ်!
" ယင်လော့ရွှယ် ဒီနေ့ဒီမှာ ရှိတယ်နော် "
ချင်ရှောက်ယွီကပြော၏။
ရှန်ချန်းလင်က ထူးဆန်းစွာဖြင့် ပြန်မေးသည်။
" ယင်လော့ရွှယ်က ဘယ်သူလဲ? "
ချင်ရှောက်ယွီ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်လျက်။
" တကယ် မမှတ်မိဘူးပေါ့? "
သည်လောက်မျက်ခွက်ကို ပိတ်ထိုးချင်အောင် မပြုံးစမ်းပါနဲ့!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း