Unicode>>
အခန်း(၂၀) နှင်းသလင်းပြာကို အမြန်ပြန်ပို့လိုက်စမ်း
【နောက်ထပ်တစ်ခါ ကိုယ်လုံးတီး အမြင်ခံလိုက်ရပြန်ပြီ!】
"ခုနစ်ဘဝစာ ဝဋ်ကြွေး" ဟူသော စကားလုံး လေးလုံးထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
သို့ပေတည့် ရှန်ချန်းလင်ကတော့ အတင်းအဓမ္မ ငြိမ်သက်အောင် လုပ်ခံထားရခြင်းပင်။ အကယ်လို့သာ သူ့အကြောကို ပိတ်ထားခြင်း မရှိပါက သူသည် သေချာပေါက် မျက်ရည်ထွက်သည်အထိ အားရပါးရ ထိုင်ရယ်ပေလိမ့်မည်။ ထို့အပြင် ယောင်းချန်ကိုတောင် ကျေးဇူးတင်လွန်းလို့ ဆိုပြီး ပွေ့ဖက်နေပေမည်။
ကြီးမားလှတဲ့ ကျေးဇူးတရားကို ပြန်ပေးဆပ်ပါမယ့်.. ညီနောင်ရေ ခင်ဗျားကတော့ လူကောင်းပဲ!
" ခုနစ်ဘဝစာ ဝဋ်ကြွေး? "
ချင်ရှောက်ယွီက မျက်ခုံးများ ပင့်၍ မေးလိုက်သည်။
" ဘယ် ခုနစ်ဘဝလည်း ပြောပြစမ်းပါဦး "
ရှန်ချန်းလင်လည်း စိတ်ဝင်တစားဖြင့် နားစွင့်နေမိ၏။
" ပထမဘဝမှာ ဂိုဏ်းချုပ်က ကောင်းကင်ဘုံက နတ်သားတစ်ပါးပါ "
ယောင်းချန်က သွက်သွက်လက်လက် ပြောလာသည်။
" အင်မတန် ချောမောခံ့ညားပြီး၊ သစ္စာသမာဓိနဲ့ ပြည့်စုံပြီး၊ အေးဆေးတည်ငြိမ်ပြီး၊ ပြိုင်ဘက်ကင်း ရုပ်ရည်ရူပကာကို ပိုင်ဆိုင်ထားပြီး၊ ထည်ဝါတောက်ပပြီး၊ ကိုယ်နေကိုယ်ဟန် ကြည့်ကောင်းလွန်းပြီး၊ ရွှေအဆင်း မြအသွင်ရှိပြီး၊ နတ်ဘုရား အရှိန်အဝါတွေ ဟုန်းဟုန်းတောက်နေတဲ့ သူတစ်ယောက်ပါဗျ "
မင်းမေ! များလိုက်တဲ့ လေးလုံးတွဲ ဥပစာစကားတွေ! ! !
ရှန်ချန်းလင်က ထိုသူအား အင်မတန် လေးစားသွားသော အကြည့်များဖြင့် ကြည့်လျက် တွေးမိသည်။
သည်လို မြှောက်ပင့်ချီးမွမ်းနိုင်ပုံကတော့ တကယ်ကို နောက်တစ်ဆင့်မြင့်သွားပြီဟ!
" အဲ့တာဆို သူကရော? "
ချင်ရှောက်ယွီက လက်ချောင်းလေးကို ကွေးကာ ရှန်ချန်းလင်၏ ခေါင်းကို အသာခေါက်လိုက်သည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficción históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း