အခန်း (၉၈) ချန်းဝုရွှေကျိုက်!
【မြို့အခွံလွတ်ကြီး!】
"ယဲ့ကျင်က ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ?"
ချင်ရှောက်ယွီက မေးသည်။ ဟွားထန်၏ အဖြေစကားက လူကို အံ့သြစေ၏။
"အဲ့နေ့က ပေါင့်စန်းငှက်တွေ တစ်အုပ်ကြီး လာတိုက်ခိုက်တဲ့အချိန် တောင်သခင်ယဲ့က အကြီးဆုံးသခင်လေးရှန်ကို ကာကွယ်ဖို့အတွက် နှုတ်သီးနဲ့ တစ်ချက်ထိုးဖဲ့ခံလိုက်တာ"
ရှန်ချန်းလင် - ...........
ဧကန္တ ရန်သူတွေ မဟုတ်ဘူးလား!
ဘာလို့ ဇာတ်လမ်းက နားထောင်လိုက်တော့ ရင်ထဲထိစေတဲ့ အချစ်ဇာတ်လမ်းမျိုးဘက် သွားနေတာလဲ!
"အရင်ဆုံး ပြန်သွားပြီးမှ ဆက်ပြောကြတာပေါ့ရှင်"
ဟွားထန်က ဆိုလေသည်။
"အခုတလော မိစ္ဆာဂိုဏ်းက မကြာမကြာ ပေါင့်စန်းငှက်တွေကို လွှတ်ထားတတ်တာမို့ ပြည်သူတွေဆို လုံးဝ အပြင်မထွက်ရဲကြတော့ဘူး၊ ချန်းဝုရွှေကျိုက်ရဲ့ အင်းကြီး ၁၂ ခုနဲ့ တခြားပတ်ဝန်းကျင်က ရွာငယ်တွေအကုန် ခြောက်ခြားစရာကောင်းတဲ့ သရဲမြို့တော်လိုပဲ နေ့လယ်ခင်းကြီးတောင် လူအရိပ်အယောင် မမြင်ရတော့ဘူး"
သူတော်ကောင်းဂိုဏ်းပေါင်း ၁၀ ခုကျော်ဟာ ဖုန့်ကျိုယဲ့ကြောင့် ဟိုပုန်းသည်ရှောင်နှင့် နေရသည်။ တကယ်ပဲ စော်ကားလွန်းလှ၏။
ချင်ရှောက်ယွီ၏ မျက်နှာက သိပ်မကောင်းပေ။
"ငါတို့လူတွေရဲ့ အခြေအနေကရော?"
"ကျွန်မတို့ကတော့ အဆင်ပြေပါတယ်၊ ညီနောင်တွေ နည်းနည်းပါးပါးတော့ ဒဏ်ရာရကြတယ်၊ ဒါပေမဲ့ အသက်အန္တရာယ်ထိတော့ မစိုးရိမ်ရဘူး"
ဟွားထန်က ဖြေသည်။
"လက်ရှိ ယာယီတော့ လင်ရွှေရွာက ကျိုးယွမ်ဟွိုက်နဲ့ အိမ်မှာ နေကြတယ်"
ချင်ရှောက်ယွီက ခေါင်းညိတ်ကာ -
"သွားကြည့်ကြစို့"
မြင်းအဖြူရောင် တစ်ကောင်သည် သစ်တောထဲကနေ ပြေးထွက်လာ၏။
ရှန်ချန်းလင်က အံ့သြဝမ်းသာလျက် -
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း