အခန်း (၁၀၁) မှားယွင်းရှုပ်ထွေးမှုများ!

534 95 6
                                    

အခန်း (၁၀၁) မှားယွင်းရှုပ်ထွေးမှုများ!

【ရေလယ်စခန်းကို ဝင်ရောက်ထောက်လှမ်းကြမယ်!】

မိမိ၏ ယောကျ်ားကို ယင်ဝူရွှမ်းနှင့် အတူတူတော့ လုံးဝ လုံးဝ မသွားစေလိုသော်ငြား ရှန်ချန်းလင်သည် အကြောင်းမရှိ၊ အဓိပ္ပါယ်မရှိဘဲ ဆူပူသောင်းကျန်းတတ်သော အကျင့်စရိုက်မျိုး ရှိသူ မဟုတ်တာကြောင့် ဒုတိယနေ့ညဘက်တွင် သူတို့နှစ်ဦး အတူတူ ထွက်သွားသည်ကို ကြည့်နေလိုက်ရတော့သည်။

ဇာမဏီငယ်လေးသည် သူ့ပခုံးပေါ်၌ ငြိမ်ငြိမ်လေး ထိုင်နေသည်။ ခြေသည်းများက မြဲမြံစွာ ကုပ်တွယ်ထားပြီး အမွေးလုံးခွေခွေလေး နှင့်တူ၏။

ယဲ့ကျင်က ကျောက်သားစားပွဲထက်တွင် ထိုင်ကာ အလွန်အားကျသော မျက်လုံးများဖြင့် ကြည့်နေလေသည်----- သူ တကယ်တကယ်တကယ်ကို ဇာမဏီငယ်လေးကို သိပ်နှစ်သက်ပါသည်။

"မစောတော့ဘူး၊ အခန်းပြန်ပြီး နားနေကြတော့လေ"

ရှန်ချန်းဖုန်းက ကြည့်လျက် ရှန်ချန်းလင်၏ ပခုံးကို ပုတ်ပေးပြီး -

"ရှောက်ယွီက သိုင်းပညာအဆင့်မြင်တယ်၊ သည်တစ်ခေါက်က ကင်းထောက်ရုံပဲမို့ ဘာမှဖြစ်စရာ မရှိပါဘူး"

ရှန်ရှောင်ရှို့သည် ခေါင်းညိတ်လျက် အခန်းထဲသို့ ပြန်လှည့်ဝင်လိုက်သည်။ ရှန်ချန်းဖုန်းက၏ လက်သည် အလျဉ်းသင့်ဟန်ဖြင့် အမွေးလုံးကို ဆွဲမ,ပြီး မြေကြီးပေါ် ချပေးလိုက်ကာ ရှန်ချန်းလင်နှင့်အတူ အခန်းထဲသို့ ဝင်သွားတော့လေသည်။

အမူအရာက ခပ်တည်တည်ပဲနော်!

"ကျီ!"

ဇာမဏီငယ်လေးက ကြောင်အ,သွား၏။ သူသည် အူတိအူကြောင်နှင့် မြေကြီးကို ငုံ့ကြည့်သည်။

ဘာလို့များ သည်လိုလက်စုတ်လက်ပဲ့နဲ့ လူမျိုး ရှိနေရတာလဲ နားမလည်နိုင်တော့ပြီ။

ကိုယ့်ဘာသာ ကိုယ့်သခင်ကိုယ်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတာကို အောက်ချပေးတယ်တဲ့!

ဧကန္တ အခုအချိန်က မွှေးမွှေးကြိုင်ကြိုင်လေး ရေချိုးသန့်စင်ပြီး အိအိစက်စက်လေးပေါ်မှာ အိပ်ရတော့မဲ့အချိန် မဟုတ်ဘူးလား!!!!

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now