အခန်း(၁၂) မကောင်းတဲ့ကောင်!

1.5K 185 17
                                    

Unicode>>

အခန်း(၁၂) မကောင်းတဲ့ကောင်!

မင်းကဘယ်သူလဲကွ

" ကျွန်တော် မသွားဘူး! "

ရှန်ချန်းလင်က ယတိပြတ် ငြင်းဆန်ပေ၏။ ထို့အပြင် အလွန်တရာမှ ခိုင်မာစွာ ဆုံးဖြတ်ချက်ချထားသည့် မျက်လုံးများဖြင့် သူ့အမေကို လှမ်းကြည့်လိုက်သည်!

" ခေါင်းမမာရဘူးကွယ် "

ရှန်သခင်မကြီးက သူ့လက်ကလေးကို ပုတ်ကာ ဆို၏။

" ဒီကိစ္စကို မင်းအဖေနဲ့ အမေနောက်မှ ကောင်းကောင်းတိုင်ပင်လိုက်ဦးမယ် "

" အခုသွားတဲ့ ခရီးလမ်းက အန္တရာယ်များပြီး ခက်ခဲပင်ပန်းမယ်ဆိုပေမယ့်.. ကျွန်တော်က သေချာပေါက် လင်အာကို ကောင်းကောင်းစောင့်ရှောက်ပေးသွားမှာပါ "

ချင်ရှောက်ယွီက ရိုးရိုးဖြောင့်ဖြောင့် သစ္စာပြုလေသည်။

မင်းညီမကိုပဲ စောင့်ရှောက်လိုက်! !

ရှန်ချန်းလင် ရင်ထဲတွင် အော်ဟစ်နေမိသည်။

မင်းနဲ့ လိုက်ပါ့မယ်လို့ ငါက သဘောတူပြီလား! ! !

ဒီကမ္ဘာပေါ်မှာ အဲ့‌လောက် နုနယ်ပျော့ပျောင်းပြီး ရှက်တတ်တဲ့ မိန်းမငယ်လှလှလေးတွေ အများကြီးရှိတာကို ငါက ဘာကိစ္စ မင်းလို လေယာဉ်ကွင်းကြီးလို ‌ယောကျ်ားမျိုးနဲ့ သွားရမှာလဲ!

နည်းနည်းလေးမှ ယှဉ်လို့တောင်မရဘူးနော်!

" အရင်ဆုံး မတွေးပါနဲ့တော့.. "

ရှန်သခင်မက သူ့ကို မှီစရာ ခေါင်းအုံးလေး ပြင်ပေးလိုက်သည်။

" အမေက မီးဖို‌ဆောင်ကို မင်းအတွက် အကောင်းဆုံး အသားပြုတ်ရည် ပေါင်းခိုင်းထားတယ်.. စားပြီးရင် ကောင်းကောင်းအနားယူနော် "

" ဒီနေရာကြီးမှာပဲ နားရမှာလား? "

ရှန်ချန်းလင်က အံ့အားသင့်စွာ မေးလိုက်သည်။

ဒီနေရာက ‌‌ဆောင်ကြာမြိုင်လေ!

ဆောင်ကြာမြိုင်ဗျ!

" ကိစ္စမရှိပါဘူး.. ဒီအဆောင်ဝန်းငယ်လေးကတော့ တိတ်ဆိတ်အေးချမ်းပါတယ်.. အရှေ့ဘက်က ဝန်းကမှ ကြိုဆိုတဲ့ခန်းမဆောင်လေ "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now