အခန်း (၇၅) သည်လိုအေးစက်လွန်းတဲ့လောကကြီးဟယ်!

1.5K 187 13
                                    

အခန်း (၇၅) သည်လိုအေးစက်လွန်းတဲ့လောကကြီးဟယ်!

【တကယ်စုတ်ပြတ်သတ်နေတာပဲ】

" ဘာတွေဖြစ်သွားလို့လဲ? " 

ရှန်ချန်းလင်က အတော်လေး အံ့သြသွားရသည်။ 

ချင်ရှောက်ယွီက သူ့ကို ထူတွဲကာ ထိုင်စေပြီး -

" တခြားနေထိုင်မကောင်းတဲ့နေရာ ရှိသေးလား? " 

" မရှိဘူး " 

ရှန်ချန်းလင်က အလွန်ပင် စိတ်လောစွာဖြင့် -

" ငါ့ကို သည်သုံးရက်အတွင်း ဘာဖြစ်သွားတာလဲဆိုတာ မြန်မြန် ပြောပြစမ်းပါ "

" အဲ့နေ့က မင်း ဟန်အဆိပ် ထပြီး သတိလစ်သွားတဲ့နေ့က ကိုယ်လည်း အဲ့သည်ဟယ်ဖုန်း လုပ်တဲ့ မွေးနေ့စားသောက်ပွဲကို မသွားဖြစ်ဘူးလေ " 

ချင်ရှောက်ယွီက ဆို၏။ 

" အဲ့နောက် ပြဿနာတက်တော့တာပဲ " 

ရှန်ချန်းလင် - ........... 

ဝတ္ထုတိုဖြစ်ရင်တောင် ဇာတ်လမ်းက အစရယ် ဖြစ်စဉ် အဆင့်ဆင့်ရယ် ဇာတ်လမ်းအထွတ်အထိပ်ရယ်နဲ့ ဇာတ်သိမ်းရယ် ရှိရမှာပဲလေ!

သူရဲကောင်း မင်းဟာကလည်း အပေါ်ယံဆန်လိုက်တာနော်!!!!!

" ကိုယ့်ကို အရင်ပြောပါ၊ မင်း ဘယ်လိုဖြစ်ပြီး မူးလဲသွားတာလဲ? " 

ချင်ရှောက်ယွီက သူ့လက်ကို ဆုပ်ကိုင်ထားသည်။ 

" အဲ့နေ့ညက ငါ ရေချိုးပြီးသွားရင် နဂိုက စာဖတ်ခန်းကို သွားပြီး မင်းကို ရှာမလို့၊ မတ်တတ်ထရပ်လိုက်ပြီးနောက် ရင်ဘတ်က အောင့်သွားပြီး မြင်ကွင်းကလည်း မှောင်မည်းသွားပြီး လဲကျသွားတာပဲ " 

ရှန်ချန်းလင်က ထထိုင်လိုက်ပြီး - 

" ဒါပေမဲ့ အခု ဘာမှမဖြစ်တော့ဘူး၊ မင်း မြန်မြန်လေး ပြောပါဦး ဟယ်ဖုန်းရဲ့ မွေးနေ့စားသောက်ပွဲက ဘယ်လိုဖြစ်ကြတာလဲ! " 

ဒါကမှ အရေးကြီးတာလေကွာ!!!!!

" မင်းခန့်မှန်းထားတဲ့အတိုင်းပဲ၊ အဲ့နေ့က ဟေးဖုန်းဂိုဏ်းက တကယ်ပဲ ချုံခိုတိုက်ခိုက်ခဲ့တယ် " 

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now