အခန်း (၈၀) တစ်ပွဲလောက် သရုပ်ဆောင်လိုက်ကြရအောင်!

746 107 22
                                    

အခန်း (၈၀) တစ်ပွဲလောက် သရုပ်ဆောင်လိုက်ကြရအောင်!

ကံကောင်းလိုက်တဲ့အစေခံ!

"အကယ်လို့ ဂိုဏ်းချုပ်ယင် စိတ်မရှိရင် ဟွားထန်ကို ခေါ်ပြီး တစ်ချက် လာကြည့်စေချင်ပါတယ်"

ချင်ရှောက်ယွီက ဆိုလေ၏။

"သေချာတာပေါ့"

ယင်ဝူရွှမ်းက ခေါင်းညိတ်သည်။

"လက်ဝဲရံရဲ့ ဆေးပညာက သာမန်လူကို ကျော်လွန်နေတာ၊ တို့တော့ ဝမ်းသာမဆုံးပါဘူး"

"အကြီးဆုံး သခင်လေး"

နေလတောင်ထွဋ်မှ တပ်သားများက လာရောက်သတင်းပို့သည်။

"ဂိုဏ်းပေါင်းစုံက လော့ရွှယ်သခင်လေး ကူပိုးကောင်အဆိပ်မိတဲ့အကြောင်းကို သိသွားကြပြီး အခုပဲ လူအုပ်စုလိုက် သည်ဘက်ကို လာနေကြပါပြီ"

ရှန်ချန်းဖုန်းက မျက်မှောင်ကြုတ်၍ -

"သူတို့လာတော့ရော ဘာအကျိုးရှိမှာလဲ?"

ချင်ရှောက်ယွီက အေးစက်စက် ‌ရယ်လျက် -

"တကယ့်ကိစ္စရှိရင် သုံးမရကြဘူး၊ အလုပ်ပိုပေးတဲ့နေရာမှာတော့ တစ်ဂိုဏ်းထက် တစ်ဂိုဏ်းက သာတယ်ပဲ"

"သည်လိုကိစ္စမျိုး ဖြစ်ထားတော့ ဂိုဏ်းအပေါင်းကလည်း ကိုယ့်အန္တရာယ်အတွက် တစ်ချက်လာပြီး သတင်းထောက်ချင်တာ အံ့သြစရာ မရှိတော့ပါဘူး"

ရှောင်းကျမ်က ဆိုလေသည်။

"ပြီးတော့ သိုင်းလောကထဲမှာ ဂိုဏ်းချုပ်ယင်ကို လေးစားနေတဲ့လူတွေက လူနည်းစုမှ မဟုတ်ဘဲ။ သတင်းကြားပြီးရင် အမြန်လာမေးကြမြန်းကြတာကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေပါပဲ"

တကယ်တော့ သည်စကားဟာ အတတ်နိုင်ဆုံး ပြေပျစ်စွာ ပြောထားခြင်း ဖြစ်ပေသည်။ တကယ်တမ်း လေးစားတယ်ဆိုတာကလည်း အပေါ်ယံသာ ဖြစ်ပြီး တိတ်တခိုး ကြိုက်၊ ပေါ်တင်ကြိုက်၊ နည်းမျိုးစုံနှင့် ကြိုက်နေကြခြင်းသာ။ သူ့ဘာသူ အကျင့်စရိုက်က ရေခဲတောင်ထဲက ထွက်လာသလို အေးစက်နေပါစေဦး၊ အလှလေးဟာတော့ အလှလေးပါပင်။ ဒါ့အပြင် သာမန်လူတွေဟာလည်း ဂိုဏ်းချုပ်ယင်နဲ့ တွေ့ဆုံမြင်ဖူးခွင့်မျိုး သိပ်မကြုံနိုင်ဘဲလေ။ အားလုံးက သိုင်းလောကထဲမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို မိမိရဲ့ စိတ်ကူးအမြင်နဲ့ ပေါင်းပြီး သူ့ကို အေးစက်ခဲသက်ကာ မာန်မာနကြီးသော ကျောက်စိမ်းနှင်းပန်းတစ်ပွင့်လို မှတ်ယူထားကြရုံပဲ။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now