Unicode>>
အခန်း (၃၆) သေရည်မူးနေတယ်!
【သေခန်းပြတ်မယ်!】
" ကိုယ် အပြင်ထွက်သွားတဲ့အချိန် မင်း လုံးဝ လုံးဝ လျှောက်ပြေးမနေနဲ့နော် "
ချင်ရှောက်ယွီက မှာကြားသည်။
" တောင်ကြားမှာ စက်ယန္တရားတွေ များလွန်းလို့ မတော်တဆ ဒဏ်ရာရမှာစိုးတယ် "
" ....... ပန်းသူခိုးကရော? "
ရှန်ချန်းလင်က သည်ကိစ္စကို မမေ့မလျော့ဖြစ်နေဆဲ။ သူကတော့ အိပ်ပျော်နေတုန်း ပန်းအခူး မခံရချင်ပါ။
ဂန္ဓာပန်း သည်လိုဟာမျိုးက သေချာပေါက် ကောင်းကောင်း ကာကွယ်ရမယ်! ဘာလို့ဆို အရမ်းနူးညံ့လို့လေ! !
ချင်ရှောက်ယွီက သူ့ခေါင်းလေးကို ပွတ်သပ်ပေးကာ -
" သူ့မှာ မိုးလောက်ကြီးတဲ့ အစွမ်းသတ္တိတွေ ရှိရင်တောင် သူက မြို့ထဲမှာပဲ သောင်းကျန်းရဲမှာ။ ချုံဟွားတောင်ကြားရဲ့ စက်ယန္တရားတွေဆိုတာ ငါးနှစ်ကြာအောင် ယဲ့ကျင်အပင်ပန်းခံပြီး တည်ဆောက်ထားတာ ၊ ရှောင်ဝူလို ထိပ်သီးကိုယ်ဖော့သိုင်းသမားတောင် ပြီးစလွယ် ဖြစ်သလို ဝင်နိုင် ထွက်နိုင်တာမျိုး မဟုတ်ဘူးလေ၊ ပန်းသူခိုးလောက်ကတော့ ပြောမနေနဲ့တော့ "
" မင်းသေချာလား? "
ရှန်ချန်းလင်က သံသယလေးဖြင့် မေးသည်။
သည်လို ၂၄ နာရီ စီစီတီဗွီ မရှိတဲ့ ဘဝမျိုးမှာ နေရတာ တကယ်ပဲ လူကို လုံခြုံတယ် မခံစားရဘူးနော်!
" သေချာတာပေါ့၊ ပြီးတော့ သူက အတောင်ပံပေါက်ပြီး ပျံဝင်လာရင်တောင် အခန်းအပြင်မှာ ကျွေးယင်နန်းနဲ့ နေလတောင်ထွဋ်စံအိမ်တော်ရဲ့ အစောင့်အရှောက် တပ်သားတွေက မင်းကို ကာကွယ်ပေးနေတယ်လေ "
ချင်ရှောက်ယွီက သူ့ကိုယ်စား ဆံပင်များ ခြောက်အောင် သုတ်ပေးလိုက်သည်။
" မင်းသာ လိမ်လိမ်မာမာနဲ့ အခန်းထဲမှာပဲ နေပြီး အပြင်လျှောက်မသွားရင် သေချာပေါက် ဘာကိစ္စမှ မရှိဘူး "
" ကောင်းပါပြီ "
ရှန်ချန်းလင်က အိပ်ရာစောင်ပုံထဲ လှိမ့်ဝင်လိုက်ပြီး မျှော်လင့်ချက် အပြည်ပါသော မျက်ဝန်းများဖြင့် အားကြိုးမာန်တက် သူ့ကို ကြည့်လိုက်သည်----
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း