အခန်း (၈၄) သရုပ်ဆောင်ကောင်းတဲ့အဖွဲ့!
"သူဟန်ဆောင်နေတာလည်း မင်း ယုံတယ်ပေါ့!"
ရှန်ချန်းဖုန်းက ဒေါသတကြီး ပြောသည်။
ရှန်ချန်းလင်က ချင်ရှောက်ယွီအား တစ်ချက်ကြည့်လိုက်သည်။
ဂိုဏ်းချုပ်ချင်က အားနည်းစွာ ပြုံးပြလျက် -
"ကိုယ်ဘာမှမဖြစ်ဘူး၊ အတွင်းအား ထိန်းညှိလိုက်ရင် ကောင်းသွားမှာပါ"
ရှန်ရှောင်ရှို့သည် ချက်ချင်းပင် လွန်စွာ အပြစ်တင်နေသော အကြည့်မျိုးဖြင့် သူ့ကိုကြီးကို ကြည့်လိုက်သည်---- အတွင်းအားတောင် ထိန်းယူရတော့မယ်တဲ့ မြင်လား!
ရှန်ချန်းဖုန်းမှာတော့ မိမိဟာ မျှော်လင့်ချက်အစွန်းထိ ရောက်သွားပြီးဟု ခံစားနေတော့သည်။
"မင်း အတွင်းအား ထိန်းညှိတဲ့အချိန် ငါ အပြင်ထွက်သွားပေးရမလား?"
ရှန်ချန်းလင်က မေးသည်။
"သေချာပေါက် မလိုဘူးပေါ့"
ချင်ရှောက်ယွီက နူးညံ့စွာဖြင့် သူ့လက်ကလေးကို ဆွဲကိုင်ကာ -
"လင်အာက နေခဲ့ပြီး ကိုယ့်ကို ကူညီပေး"
ရှန်ချန်းဖုန်းသည် ဆွံ့အလျက် ပြောစရာစကားများ ပျောက်ဆုံးကာ တံခါးပေါက်ကနေ လှည့်ထွက်သွားတော့သည်။
သူတော့ တကယ်ကို ခဏလောက် ငြိမ်ငြိမ်လေး နေဖို့လိုနေပြီပင်!
အခန်းတံခါးက ထပ်မံ၍ ခပ်ပြင်းပြင်း ပိတ်ခံလိုက်ရပြီးနောက် ချင်ရှောက်ယွီနှင့် ရှန်ချန်းလင်သည် အကြည့်ချင်းဆုံလျက် ခွီးကနဲ ပြိုင်တူ ထရယ်ကြတော့သည်။ ရှန်ရှောင်ရှို့က သူ့ကိုယ်ပေါ်တွင် ဝမ်းလျားမှောက်လျက် ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းအား နမ်းရှုံ့လိုက်သည်။ ချင်ရှောက်ယွီသည် လူကိုတစ်ပတ်လှည့်ကာ သူ့ကို ဖိထားပြီး နားရွက်ဖျားကို ပွတ်သီးပွတ်သပ်လုပ်နေတော့၏။
"မနက်ဖြန် မင်း သတိထားနော်"
ရှန်ချန်းလင်က သူ့လည်တိုင်ကို ဖက်တွယ်လျက် ဆိုသည်။
"စိတ်ချပါ၊ ကိုယ်ဘာမှမဖြစ်ဘူး"
ချင်ရှောက်ယွီက ဆိုလေ၏။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficção Históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း