အခန်း (၉၁) ဇာမဏီငယ်လေး!
【ရှန်ရှောင်ရှို့ဟာ အလိမ္မာအိမ်ပါလေး】
"သူ့ဘာသာသူ ပြေးဝင်လာမှတော့ မွေးထားလိုက်ပါကွာ"
ချင်ရှောက်ယွီသည် ဇာမဏီငယ်လေးကို လက်ဖြင့် ဖျစ်ညှစ်ကာ -
"ကြည့်ရတာ သိပ်လိမ္မာမဲ့ပုံပါပဲ"
"ကျီး!"
အမွေးလုံးသည် မျက်လုံးကို ဖွင့်ကာ တအားတအားကို မျှော်လင့်နေသော မျက်လုံးမျိုးဖြင့် ရှန်ချန်းလင်ကို ကြည့်ပြီး အတောင်ပံ တိုတိုကလေးကို ဖြန့်၍ ခါရမ်းပြလိုက်သေးသည်!
"ငါ အရင်က ငှက်ပေါက်ကလေးတွေ မမွေးဖူးဘူးလေ"
ရှန်ချန်းလင်က သူ့ကို လက်ဖဝါးလေးထဲ ထည့်ကာ -
"ကောင်းကောင်းမမွေးတတ်မှာ စိုးရိမ်တယ်"
"သည်လောကမှာ ဘယ်သူမှ ဇာမဏီမမွေးဖူးဘူး၊ မင်းက ပထမဆုံး ဖြစ်မှာ"
ချင်ရှောက်ယွီက ပြော၏။
"စမ်းကြည့်မလား?"
".......ကောင်းပါပြီ"
ရှန်ချန်းလင်က လိုက်လျောပေးကာ လက်ညှိုးလေးဖြင့် ဇာမဏီငယ်လေးကို ပွတ်သပ်လိုက်သည်။
"အဲ့တာဆို ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
အမွေးလုံးလေးသည် အရာအားလုံးထက် ကျေနပ်သွားဟန်နှင့် ခုတင်ပေါ် ပြန်ခုန်ချပြီး ဆက်လက်အိပ်တော့၏။
ရှန်ချန်းလင်သည် မီးဖိုချောင်အား သန့်ရှင်းပြီးနောက် ပြန်လာသော် ချင်ရှောက်ယွီက ခုတင်ခေါင်းရင်းကို မှီလျက် အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့ရသည်။ သို့နှင့် ညင်သာစွာ ဖေးထူလျက် လှဲချစေပြီး ဇာမဏီအငယ်လေးကိုလည်း သူ့ခေါင်းအုံး၏ ဘေးသို့ ချကာ သိပ်ပေးလိုက်သည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ကောင်သည် အသက်ရှူနှုန်းများ တည်ငြိမ်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချေ၏။
ရှန်ချန်းလင်သည် အနည်းငယ် ရယ်ချင်စရာကောင်းသည်ဟု တွေးလျက် စားပွဲဘေး၌ ထိုင်ရင်း ရွာလူကြီး ပို့ပေးထားသော ချည်ထည်ဖြင့် အမွေးလုံးလေးအတွက် အသိုက်ကလေးတစ်ခု လုပ်ပေးလိုက်ပြီး ဂရုတစိုက် ကိုင်ကာ သူ့ကို ထိုထဲသို့ ထည့်ပေးလိုက်သည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း