Unicode>>
အခန်း (၃၄) တိတ်တဆိတ်အဆိပ်ခတ်ခြင်း!
【အကုန် ကျွန်မရှေ့ကနေ ထွက်သွားကြ!】
အခန်းတွင်းရှိ ထောင့်တစ်နေရာမှ အသံချွတ်ချွတ် ကြားရသည်။ ကျောက်ဝူသည် ချက်ချင်း ဓားကို ဆွဲထုတ်ကာ ခန်းစီးစကို ဖြတ်ခုတ်ပစ်လိုက်သည်။
ဟွားထန်သည် အဝတ်အစားများ ညီညာသပ်ရပ်မှု မရှိဘဲ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေ၏။ ပုံစံက သတိလစ်နေပုံပင်။
" လက်ဝဲရံ! "
ကျောက်ဝူသည် ထိတ်ကနဲ ဖြစ်လျက် သူ(မ)ကို သွားရောက် တွဲထူလိုက်ချိန်တွင် အနောက်ဘက်မှ ရုတ်ခြည်း လေတိုးသံကို ကြားလိုက်ရသည်။
နှစ်ပေါင်းများစွာ သိုင်းလေ့ကျင့်ခဲ့သော အစွမ်းအစ အရ ၊ ကျောက်ဝူသည် လေထဲ၌ ခုန်ပျံ၍ ထိုအလစ်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သည့်အပြင် ဟွားထန်ကိုပါ ရင်ထဲပွေ့ကာ ချီလိုက်နိုင်၏။
ပုစဉ်းကောင် သဏ္ဌာန်ရှိသော မြားပျံဆယ်ခုက ပြတင်းပေါက်ဘောင်တွင် စိုက်သွားတော့သည်။
ထို့နောက် အမည်းရောင် အရိပ်တစ်ခုက ဖျတ်ကနဲ ပြတင်းပေါက်ကနေ ခုန်ထွက်သွားတော့သည်။
ဟွားထန်သည် သတိလစ် မေ့မြောနေဆဲ။ ကျောက်ဝူသည်လည်း ထိုလူ့နောက် လိုက်ရန် စိတ်အခြေအနေမရှိ။ သူသည် ခါးကိုင်း၍ ကြမ်းပြင်ပေါ် ပြုတ်ကျနေသော ဝတ်စုံလေးငါးစုံကို ကောက်ယူကာ မျက်လုံးများ လွှဲလျက် သူ(မ) အား အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ထုပ်ပေးလိုက်သည်။ သာမန်အချိန်တွင် ဘာမျက်နှာအမူအရာမျှ မပြတတ်သော မျက်နှာကတော့ နီစွေးရဲတွတ်နေချေ၏။
အောက်ထပ်ရှိ လူများသည် ပုံမှန်အတိုင်း စားသောက်နေကြစဉ် ရုတ်ခြည်း ဟွားထန်အား ပွေ့ချီပြီး ခေါ်လာသည်ကို မြင်သော် အားလုံး လန့်ဖျပ်သွားရတော့သည်။ ချင်ရှောက်ယွီသည်လည်း မျက်နှာတည်တင်းသွားလျက် -
" ဘာကိစ္စတွေ ဖြစ်သွားတာလဲ? "
" အပေါ်ထပ်မှာ လုပ်ကြံတိုက်ခိုက်သူ ရှိနေလို့၊ လက်ဝဲရံလည်း အလစ်တိုက်ခံလိုက်ရတယ် "
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း