အခန်း (၁၂၀) လုံးဝရပ်တန့်လို့မရဘူး!
"အခုတလော တောင်အောက်က အခြေအနေက ဘယ်လိုလဲ?"
ချင်ရှောက်ယွီက လေ့ကျင့်ရေးကွင်းကို သွားရင်း တစ်ဖက်က မေးသည်။
"အားလုံးတည်ငြိမ်အေးချမ်းနေပါတယ်ရှင်"
ဟွားထန်က ဖြေလေသည်။
"ရုံးတော်တွေက အဲတုန်းက ကူအဆိပ်ချတဲ့လူကို ရှာဖွေနေကြသေးကလွဲရင် ကျန်တဲ့သိုင်းလောကသားတွေက အရင်အနေအထားအတိုင်း ဖြည်းဖြည်းချင်း ပြန်သွားနေကြပါပြီ"
"ရုံးတော်?"
ချင်ရှောက်ယွီက မျက်မှောင်ပင့်သည်။
"ဟုတ်တယ်"
ဟွားထန်ကလည်း အနည်းငယ် နားမလည်ဟန်နှင့်။
"နဂိုက ညီနောင်တို့တွေ ကိုယ်တိုင် ရှာဖွေကြတာ၊ ဒါပေမဲ့ ရှေ့တလောကပဲ ကျန်းရန်က တောင်အောက်ဆင်းပြီး သည်ကိစ္စကို ကျွန်မတို့ ဝင်ပါစရာ မလိုတော့ဘူး၊ ရုံးတော်လက်ထဲကို အပ်ထားရင် ရပြီလို့ ပြောသွားတယ်၊ အကြောင်းပြချက်ကိုလည်း မပြောဘူးရှင့်။ ညီနောင်တွေကတော့ သူက ဂိုဏ်းချုပ်နဲ့ ရှန်သခင်လေးရဲ့ ရှစ်ဖူဖြစ်တာကြောင့်ရော၊ သိုင်းလောက ထိပ်သီးဖြစ်တာရောကြောင့် သူ့စကားအတိုင်း နားထောင်ပြီး အကုန်တပ်ဆုတ်ထားပါတယ်"
"မင်းအထင် လူကြီးက ဘာလို့အဲလိုလုပ်တယ် ထင်လဲ"
ရှန်ချန်းဖုန်းက ချင်ရှောက်ယွီကို မေးသည်။
ဘာလို့လုပ်ရမှာလဲ....
ရှန်ရှောင်ရှို့က စိတ်ထဲမှာ သက်ပြင်းချလျက်။
နေပါဦး... သူ့ကိုကြီးက ဘယ်အချိန်ကျမှ ဟုန်ကူးသေသွားပြီဆိုတဲ့ကိစ္စကို သိမှာလဲ!
တကယ်ပဲ စိတ်လောလိုက်တာ!
"ရှစ်ဖူမှာ သေချာပေါက် သူ့အတွေးနဲ့သူ ရှိမှာပဲလေ"
ချင်ရှောက်ယွီက ခပ်ခြောက်ခြောက် ရယ်ကာ -
"ပြောလို့မရဘူးလေ၊ ရုံးတော်က တခြားနည်းလမ်း ရှိရင် ရှိမှာပဲ"
"တကယ်လား"
ရှန်ချန်းလင်က ထိုစကားကြားသော် မျက်မှောင်ကလေး ကြုတ်ကာ တစ်ခုခု ပြောလိုဟန်ပင်။ သို့ရာ ရှေ့နားကနေ အော်ဟစ်ဆူညံသံများ ပျံ့လွင့်လာသည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
أدب تاريخيစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း