အခန်း (၁၀၁) အဆက်

534 89 8
                                    

"ကိုယ်တို့ ချန်းဝုရွှေကျိုက်က စာဖတ်ဆောင်ကို သွားလိုက်တယ်လေ၊ အဲ့မှာ ရေစခန်းတစ်ခုလုံးရဲ့ မြေမျက်နှာသွင်ပြင် မြေပုံကို ရှာတွေ့ခဲ့တယ်"

ချင်ရှောက်ယွီသည် သူ့ပါးလေးကို ညှစ်ကာ ဖြေသည်။

"တစ်ခါတည်း ယူသွားလိုက်ရင် မြွေကို သတိပေးလိုက်သလို ဖြစ်သွားမှာစိုးရတယ်၊ ဒါပေမဲ့ ကံကောင်းချင်တော့ ဂိုဏ်းချုပ်ယင်ရဲ့ တစ်ခါမြင်ဖူးရင် မမေ့တော့တဲ့ ပါရမီကို ကျေးဇူးတင်ရမယ်။ အဲ့တာကြောင့် ကိုယ်တို့ အဲ့စာဖတ်ဆောင်မှာ ၂ နာရီကျော်လောက် ပုံကို ကြည့်ခဲ့ပြီး အခုပြန်ရောက်တော့ သူ ဆွဲပေးဖို့ အဆင်ပြေသွားတာပေါ့"

မေငိုး မေငိုး!

ဟူလီကျင်းမှာ အဲသည်လို အဆင့်မြင့်တဲ့ အစွမ်းအစမျိုး ရှိသေးတာလား!

ရှန်ရှောင်ရှို့၏ ရင်ထဲတွင် ရုတ်ခြည်း အန္တရာယ် အငွေ့အသက်များ ပြည့်လျှမ်းသွားသည်။ ထို့နောက် အလိုအလျောက်ပင် ဦးနှောက်ထဲ ပုံဖော်စိတ်ကူးယဉ်မိသွား၏။

မှောင်မည်းနေသော စာဖတ်ဆောင်ထဲတွင် မိမိ၏ ယောက်ျားနှင့် ဟူလီကျင်းက လူမမြင်ကွယ်ရာ ကျဉ်းမြောင်းလွန်းတဲ့ ထောင့်တစ်နေရာမှာ ပုန်းခိုပြီး တစ်ယောက်က မီးအိမ်ကို ကိုင်၊ တစ်ယောက်က ပုံကို ကြည့်ဆို... ဘယ်လောက်တောင် လှပတဲ့မြင်ကွင်းလေးလဲ!

လူကို လန့်သေစေလောက်တယ်နော်!

"ဘာတွေ စဉ်းစားနေပြန်တာလဲ?"

ချင်ရှောက်ယွီက သူ့အမူအရာကြောင့် ချစ်စနိုးရယ်သည်။

"ဘာမှမဟုတ်ဘူး"

ရှန်ချန်းလင်က ခေါင်းခါ၏------ တချို့စကားတွေက နှစ်ယောက်တည်းရှိတဲ့အချိန်ကျမှပဲ သီးသန့်ပြောရမှာ!

"မင်းအမြင်အရ အဲ့ဂိုဏ်းချုပ်တွေရော အသက်ရှင်နေလောက်ဦးမယ် ထင်လား?"

ရှန်ချန်းဖုန်းက မေးသည်။

"ချန်းဝုရွှေကျိုက်ရဲ့ အခြေအနေရ ကြည့်မယ်ဆိုရင်တော့ မသေလောက်သေးဘူး"

ချင်ရှောက်ယွီက ဆိုသည်။

"မဟုတ်ရင် ဖုန်ကျိုယဲ့လည်း အဲ့လောက် ငယ်သားတွေ အများကြီး ကင်းလှည့်ခိုင်းထားမှန်း မဟုတ်ဘူးလေ။ ဒါ့အပြင် သူ့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ အကျင့်စရိုက်အရဆို သတ်မယ်ဆိုတောင် ပြည်သူလူထုရဲ့ ရှေ့မှာပဲ သတ်ပြမှာပဲ၊ အဲ့တာမှ အာခံမဲ့အသံတွေ မထွက်နိုင်တော့အောင်လို့လေ"

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now