အခန်း (၁၀၉) တကယ်ပဲ မိုးမြေကိုတောင် ခံစားရစေတယ်!
【နားထောင်ရုံနဲ့တောင် တော်တော်လေး ရင်ထဲထိနေပြီ!】
"ဘာအဆိပ်လဲ?"
ရှန်ချန်းလင်က စိတ်ဝင်စားစွာဖြင့် မေးသည်။
ဟွားထန်က ကိစ္စဖြစ်ပုံ အစုံအလင်အား သူ့ကို တစ်ခေါက် ပြောပြလိုက်သည်။
"တောင်သခင်ယဲ့ရဲ့ ခန္ဓာကိုယ်ကရော ဘယ်လိုလဲ"
"တော်တော်လေး ကောင်းသွားပါပြီ၊ ဒါပေမဲ့ ညဘက်ဆို ချောင်းဆိုးသေးတယ်"
ရှန်ချန်းလင်က အခန်းဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး -
"အခုတော့ အိပ်ပျော်နေသေးတယ်"
"အဲ့တာဆို ကျွန်မ ခဏနေမှ ထပ်လာခဲ့ပါမယ်"
ဟွားထန်က ပြောလိုက်သည်။
ရှန်ချန်းလင်က ခေါင်းညိတ်သည်။ သူလည်း ဤသို့သော ကူအဆိပ်ပိုးပြဿနာကို အမြန်ဆုံး ဖြေရှင်းချင်သော်ငြား ယဲ့ကျင်ဟာ အခုတလော အင်မတန် အားနည်းနေဆဲ ဖြစ်သူမို့ သူ့ကို သိပ်အပင်ပန်းမခံစေချင်ပါ။
"ဘာမှမဖြစ်ဘူး"
ဟွားထန်က လှည့်ထွက်သွားတော့မည့်အချိန်မှာပင် ယဲ့ကျင်ဟာ သူတို့နှစ်ဦး၏ စကားများကို ကြားပြီးသားဖြစ်နေပြီး အိပ်ရာကနေ ထလာပြီး ပြောလိုက်ခြင်းပင်။
"မင်းနိုးအောင် ဆူမိသွားတာလား"
ရှန်ချန်းလင်က ကပျာကယာ အခန်းထဲကို ပြန်သွားရင်း မေးလိုက်သည်။
"မဟုတ်ပါဘူးကွာ"
ယဲ့ကျင်က ရယ်လျက် -
"တစ်နေကုန် တစ်နေခမ်း အိပ်နေလို့ဖြစ်တာမှ မဟုတ်တာ၊ မင်းတို့ ခုနက ဘာပြောနေကြတာလဲ"
"ဟုန်ယန်ပိုင်ကျွာ ကူအဆိပ်၊ တောင်သခင်မှာ ဖြေဆေးဖော်နည်း ရှိလား"
ဟွားထန်က မေးသည်။
ယဲ့ကျင်သည် ထိုစကားကြားလျှင် မျက်မှောင်ကြုတ်လိုက်ပြီး မေး၏။
"ဘယ်သူ ကူအဆိပ်မိလို့လဲ"
"အရင်က ဖုန့်ကျိုယဲ့ဆီမှာ အဖမ်းခံထားရတဲ့ ဂိုဏ်းချုပ်တွေပါ"
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း