အခန်း (၇၀) မင်း ငါ့ကို ဘာပေးလို့လဲ!

1K 163 14
                                    

အခန်း (၇၀) မင်း ငါ့ကို ဘာပေးလို့လဲ!

【စိတ်ညစ်လို့သေတော့မယ်!】

အမှန်တရားကို ပြောကြကြေးဆိုလျှင် သည်ရက်အနည်းငယ်အတွင်း၌ တကယ်ပင် ဂိုဏ်းပေါင်းများစွာက ယင်လော့ရွှယ်၏ ပျောက်ဆုံးခြင်းအား လိုက်လံရှာဖွေစုံစမ်းပေးနေခဲ့ကြသည်။ ထို့ကြောင့် သူသူငါငါ လေးငါးခွန်း ဝင်ရောက်ဆွေးနွေးကြရာ ပွဲခင်းအခြေအနေသည် ဖြည်းဖြည်းချင်း စည်ကားဆူညံလာတော့၏။ 

ခုနလေးကတင် ဖြစ်ပွားသွားခဲ့သော အနေရခက်သည့် အငွေ့အသက်များလည်း လျော့ပါးပျောက်ကွယ်သွားတော့သည်။

ရှန်ချန်းလင်သည် နဂိုကတည်းက သိုင်းလောကကိစ္စများကို နားမလည်သည့်အပြင် နားထောင်လည်း သိလာနိုင်မည် မဟုတ်သဖြင့် တစ်ခါတည်း မိမိကိုယ်ကို ပွဲခင်းအပြင်ကလူလို သဘောထား၍ စိတ်နှစ်ကိုယ်နှစ်ကာ အကယ်ဒမီသရုပ်ဆောင်မင်းသား၏ အရှိန်အဝါကို ထိန်းသိမ်းလျက် ဟူလီကျင်းနှင့် PK နေတော့သည်။

တကယ်ပဲ အလုပ်ကို လေးစားလိုက်တာနော်!

" ရှန်သခင်လေးမှာရော ဘာအမြင်များ ရှိသေးလဲဗျ? " 

အချိန်တစ်ဝက်လောက်ရောက်သော် ကျန်းကျောင်းလုံက ရိုးသားဖော်ရွေစွာ ခေါင်းလှည့်လာပြီး မေးသည်----- ရှန်ချန်းလင်ဟာ ဘယ်လိုဖြစ်ဖြစ် နေလတောင်ထွဋ်စံအိမ်တော်က ဖြစ်သည့်အတွက် လူတစ်ယောက်လုံး သည်နေရာမှာ ရှိနေမှတော့ ယဉ်ကျေးမှုအရပဲ ဖြစ်စေ မေးကို မေးရမည်ပင်။

သို့ရာ ရှန်ရှောင်ရှို့သည် လုံးဝ တုံ့ပြန်မှု မရှိချေ။ 

ဘာလို့လဲဆိုတော့ သူ လုံးဝ မကြားလို့လေ! 

သူ အခု လုံးဝ မကြားတဲ့အပြင် သူ့ကိုယ်သူ နှင်းတောင်ပေါ်မှာပဲ ပွင့်တဲ့ အဖြူရောင် ပန်းပွင့်ငယ်လေးလို စိတ်ကူးဖြန့်ကျက်နေတုန်း! 

တင့်တယ်ခမ်းနားလှပကြော့ရှင်းတဲ့ ပန်းလေး ၊ ‌အေးအေးဆေးဆေးပဲ!

လူအပေါင်းက သည်ဘက်သို့ လှည့်ကြည့်လာကြတော့သည်။ 

" လင်အာ " 

ချင်ရှောက်ယွီက သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်ကာ အသံက အင်မတန် နူးညံ့ညင်သာနေ၏။ 

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now