အခန်း (၅၅) အဆီအသားတွေအများကြီးရှိပေမဲ့ပွတ်သပ်နေမဲ့လူမရှိဘူး!
【ပစ္စည်းကောင်းကို အလဟဿ ဖြစ်စေနေတာပဲ!】
ထိုနေ့ညတွင် ရှန်ချန်းလင်သည် အခန်းထဲ၌သာ စာအုပ်ဖတ်နေ၏။ လက်တစ်ဖက်က နေကြာစေ့ကိုင်ပြီး လက်တစ်ဖက်က ရေနွေးကြမ်းခွက်ကိုင်ထားသည်။ ကြည့်လိုက်လျှင် ဤနေထိုင်မှုဘဝပုံစံနှင့် အင်မတန်ပင် အသားကျနေဟန်။
" အနားမယူသေးဘူးလား? "
ဖုန့်ကျိုယဲ့က တံခါးတွန်းဖွင့်၍ ဝင်လာသည်။
" အင်း "
ရှန်ချန်းလင်က စာအုပ်ကို ချကာ -
" ခဏနေအိပ်တော့မှာ "
ဖုန့်ကျိုယဲ့သည် အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီး ထိုင်ခုံပေါ်လှမ်းတင်လိုက်လေသည်။
ရှန်ချန်းလင်မှာ တွန့်ကနဲ။
အမေရေ! ဒီထူးဆန်းတဲ့ ခံစားချက်ကြီးက ဘာဖြစ်ချင်တာလဲ!
မြန်မြန် အင်္ကျီ ပြန်ဝတ်လိုက်စမ်းပါ!
" ခုတင်ပေါ်တက် "
ဖုန့်ကျိုယဲ့သည် ပေါ့ပါးအေးဆေးစွာ ဆိုလာ၏။
(**ခုတင်ပေါ်တက်ဆိုတဲ့ မီးနင်းစာလုံးက အတူနေတဲ့အခါ အိပ်မယ်ဆိုတဲ့သဘောမျိုးလည်း သက်ရောက်တတ်ပါတယ်။)
ရှန်ချန်းလင် - " ...... "
မင်းနှမ! ဘယ်သူက မင်းနဲ့ အိပ်မှာလဲ!
သည်လိုကိစ္စမျိုးက တက်ချင်တိုင်း တက်လို့ရတဲ့အရာလား!
ဇွတ်အတင်း လုပ်ရဲလို့ကတော့နော် ငါ မင်းရဲ့အသက်အရင်းအမြစ် အချောင်းကို စက္ကန့်နဲ့အမျှ ကန်ချိုးပစ်မယ်!
" မင်းက ဘာလုပ်မလို့လဲ? "
ရှန်ချန်းလင်က သတိချပ်၍ မေးသည်။
" ငါ မင်းကို မထိပါဘူး "
ဖုန့်ကျိုယဲ့က ဆိုသည်။
သရဲပဲ ယုံမှာပေါ့! မထိဘဲ ဘယ်လိုအိပ်မလဲ!
ဧကန္တ စောင်နဲ့ပတ်ပြီး ဘဝကြီးရဲ့ သာယာလှပမှု ချစ်ရေးချစ်ရာ ရည်မှန်းချက်တွေ ဆွေးနွေးမလို့လား!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း