အခန်း (၁၃)သရုပ်ဆောင်မင်းသား၏မပြီးနိုင်မစီးနိုင်သောအခန်းကဏ္ဍများ!

1.4K 208 8
                                    

Unicode>>

အခန်း (၁၃)သရုပ်ဆောင်မင်းသား၏မပြီးနိုင်မစီးနိုင်သောအခန်းကဏ္ဍများ!

【ဒီတစ်ဘဝလုံးမင်းပစ္စည်းမထောင်နိုင်ပါစေနဲ့】

" ကယ်ကြပါဦး! "

အနှီကတုံးအစ်ကိုကြီးက သူ့ကို ပွေ့ချီသွားချိန်တွင်တော့ ရှန်ချန်းလင်က အော်ဟစ်ဖို့ အခွင့်အရေးရသွားတော့သည်။ ထို့ကြောင့် အာခေါင်ခြစ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကတုံးအစ်ကိုကြီးက အံ့အားသင့် ထိတ်လန့်စွာဖြင့် သူ့ကို ကြည့်ကာ ပြောလာသည်။

" မင်း.... တကယ်ကို.. ကယ်ကြပါဦးလို့ အော်တယ်? ! "

သောက်ပိုတွေ လာမေးနေတာလား! မင်းတောင် ငါ့ကို ခိုးပြေးတော့မယ် ငါက ကယ်ကြပါဦးလေး တစ်ခွန်းတောင် အော်လို့မရဘူးလား!

ရှန်ချန်းလင်က လက်သီးဆုပ်၍ ထိုလူ့၏ မျက်နှာကို ထိုးလိုက်သည်။ ထို့နောက် ကြိုးစားပမ်းစားဖြင့် ထွက်ပြေးဖို့ ရုန်းကန်တော့သည်။

" မင်း... မင်း တကယ်ကို ငါဘယ်သူလဲ မမှတ်မိတော့ဘူးလား? "

ကတုံးအစ်ကိုကြီးက အလွန်ဝမ်းနည်းနာကျင်သွားသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်ကာမေးလာသည်။

..........

ငါက ဘာလို့ မင်းကို မှတ်မိနေရမှာလဲ?

ရှန်ချန်းလင် ငိုချင်လာ၏။

မဟုတ်မှလွဲရော ရည်းစားဟောင်းများလား!?

" ထားလိုက်ပါတော့.. အရင်ပြန်ခေါ်သွားပြီးမှ အေးအေးဆေးဆေး ပြောပြမယ် "

ကတုံးအစ်ကိုကြီးက အကြမ်းပတမ်းပဲ လုပ်တော့မည့်ပုံ။ သူက ရှန်ချန်းလင်ကို ပွေ့ချီလျက်ဖြင့် အပြင်သို့ ပြေးထွက်လိုက်သည်။

" ငါ့ကို အောက်ချပေးးးး! "

ရှန်ချန်းလင်က သူ့ခေါင်းကို ဆွဲခါယမ်းပစ်ရင်း အော်လိုက်သည်။

ကတုံးအစ်ကိုကြီးက သူ့ပါးစပ်ကို လှမ်းအုပ်၍ ပြောလာသည်။

" ထပ်ပြီးအော်ရင်.. ကိုယ်... ကိုယ်...... မင်းကို သတိမေ့သွားအောင် ရိုက်လိုက်မှာနော် "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now