အခန်း(၅၇) ကိုယ်မင်းကိုပြောပြပါ့မယ်!
【လျှာသုံးပြီးနမ်းတာက သိပ်အစွမ်းထက်တာပဲ!】
ရထားလုံးသည် တစ်လမ်းလုံး ကျီကျီကျာကျာဖြင့် မြို့ထဲသို့ မြန်ဆန်ပေါ့ပါးစွာ မောင်းနှင်သွားတော့သည်။
အိပ်မွေ့ချဆေး၏ အာနိသင်က ကုန်စင်အောင် ပြယ်ပျောက်မသွားသေးသဖြင့် ရှန်ချန်းလင်သည် ချင်ရှောက်ယွီ ရင်ခွင်ထဲတွင် မှီလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ နောက်တစ်ကြိမ် နိုးလာသောအခါ နောက်တစ်နေ့၏ နေ့လယ်သို့ပင် ရောက်နေချေပြီ။ နေရောင်ပြင်းပြင်းသည် ပြတင်းပေါက်ကနေ တောက်တောက်ပပ ဝင်လာပြီး အနည်းငယ် နွေးထွေးနေ၏။
ဆယ်ရက်ကျော်လောက် မြေအောက်လမ်းကြားထဲမှာပဲ နေထိုင်ခဲ့ရတော့ နေရောင်ကို မတွေ့တာ တော်တော် ကြာခဲ့ပြီပင်။ ရှန်ရှောင်ရှို့သည် စိတ်ကျေနပ်စွာဖြင့် ခါးအပျင်းဆန့်လိုက်သည်။ ထို့နောက် အနားက လူကို ဖက်ပြီး တိုးဝှေ့လိုက်၏။
.........
အယ်... ဘာလို့ အနားမှာ လူတစ်ယောက်ရှိနေတာလဲ!
ရှန်ချန်းလင်သည် စွက်ကနဲ ခေါင်းမော့ကြည့်လိုက်သော် ချောမောခံ့ညားလှသော ဂိုဏ်းချုပ်ချင်၏ နက်နက်ရှိုင်းရှိုင်း အကြည့်များနှင့် တည့်တည့်တိုးလေးသည်!
ကွက်တိပဲနော်!
" ဝက်ပေါက်ကလေး နိုးပြီလား? "
ချင်ရှောက်ယွီက သူ့နှာဖျားလေးကို ညှစ်ကာ မေးသည်။
ရှန်ချန်းလင်သည် လက်ဝါးဖြင့် ပိတ်ရိုက်လိုက်ပြီး စောင်ကိုဆွဲ၍ နံရံထောင့်သို့ လှိမ့်သွားတော့သည်။
" ကိုယ့်ကို စိတ်ဆိုးနေတာလား? "
ချင်ရှောက်ယွီက အနောက်ဘက်နေ သိုင်းဖက်၍ မေးသည်။
သေချာပေါက် ဆိုးရမှာပေါ့!
ရှန်ရှောင်ရှို့ သူ့ကို အဖက်မလုပ်ချေ။
ဆယ်ရက်ကျော်မှ လူရှာတွေ့တယ်! ဘာမှ အဆင့်မီတဲ့ သူရဲကောင်းကြီး မဟုတ်ဘူး! !
" နောက်တစ်ကြိမ် ထပ်ပြီး မပျောက်သွားစေရတော့ပါဘူးကွာ "
ချင်ရှောက်ယွီက သူ့ကိုယ်လေးကို သည်ဘက် ဆွဲလှည့်သည်။
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficción históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း