အခန်း (၁၀) သတ္တိကောင်းလိုက်တဲ့မကောင်းဆိုးဝါး!

1.6K 194 10
                                    

Unicode>>

【တကယ်ပဲ အသက်မရှင်ချင်တော့ဘူးကိုး】

"အမေ့ကို သေချာလေး ပြောပြပါဦး"

ရှန်သခင်မက ဇွဲကောင်းစွာ မေးသည်။

"သူက မင်းအပေါ် ဘာတွေလုပ်လိုက်လို့လဲ?"

တကယ်တော့လည်း ဘာမှမလုပ်ဘူးလေ......

ရှန်ချန်းလင်က အသေးစိတ် စဉ်းစားကြည့်လိုက်သည်။ ဘယ်လိုပဲ တွေးတွေး သူက မိမိကို အတင်းပွေ့ခေါ်သွားပြီး သစ်ပင်ပေါ်တက်လိုက်ရုံတင်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ငတုံးကပဲ အမှန်တိုင်းပြောလိမ့်မည်။ ထို့ကြောင့် ရှန်ချန်းလင်သည် သရုပ်ဆောင်ဆုရ မင်းသားပီသစွာ မျက်ရည် စမ်းစမ်းဖြင့်သာ ဘာဆိုဘာမျှမပြောဘဲ အင်မတိအင်မတန်မှ နစ်နာသွားရသည့်ပုံမျိုး ဖမ်းထားတော့၏။

ရှန်သခင်မ ခမျာ သူ့သားလေးကို ကြည့်နေရင်း ရင်ကွဲရသည့်ပမာ ဝမ်းနည်းလာရသည်။ ထို့ကြောင့် ရုတ်ခြည်း အနောက်သို့လှည်၍ ရှန်ချန်ဖုန်းအား နားပန်ကျင်းလိုက်လေ၏!

ရှန်ချန်းလင် - "........."

ဒါက.... အမေ... အမေမျက်လုံးသိပ်မကောင်းတော့ဘူးလားဟင်.. လူမှားရိုက်နေပြီလေဗျာ!

ရှန်ချန်းဖုန်းကလည်း ထိတ်လန့်တကြားဖြင့် -

"ကျွန်တော်နဲ့ ဘာဆိုင်လို့လဲဗျ?"

"ပြန်ပြောရဲသေးတယ်?"

ရှန်သခင်မက မျက်ခုံးများပင့်ကာ ပြောလိုက်သည်။ ရှန်ချန်းဖုန်းက ချက်ချင်းပင် ပြန်ဖြေရှာ၏။

"မပြောရဲပါဘူး"

"နေ့တိုင်း ရှောက်ယွီနဲ့အတူ သွားလာနေပြီး သူ့ကို ကောင်းရာမွန်ရာလေး သင်ပြပေးရကောင်းမှန်းမသိဘူး!"

ရှန်သခင်မသည် ဒေါသတကြီးဖြင့် ဆိုနေသည်။

"ဒီတစ်ခေါက်တော့ ထားလိုက်တော့.. နောက်တစ်ခါ သူ လင်အာကို ထပ်အနိုင်ကျင့်ရင် မင်း ဘိုးဘေးပူဇော်ခန်းမထဲသွားပြီး ဒူးထောက်ရမယ်.. ဘိုးဘေးအစဉ်လာ ဆုံးမစကား အမှာစာတမ်းကိုလည်း အခါသုံးရာ ကူးရေးရမယ်မှတ်!"

ရှန်ချန်းလင်သည် အလွန်အမင်း ကိုယ်ချင်းစာသွားသော မျက်လုံးလေးများဖြင့် သူ့အစ်ကိုကြီးကို လှမ်းကြည့်လိုက်သည်။

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now