အခန်း (၉၀) တောင်တောရွာငယ်
"အဲ့သည်ကုန်သည်တွေက ဘယ်အချိန်မှ ပြန်လာမှာလဲ?"
ရှန်ချန်းလင်က ထပ်မေးသည်။ ရွာလူကြီးက အခက်တွေ့နေဟန်နှင့် -
"ဒါက ပုံသေပြောလို့မရဘူး။ တကယ်လို့ ခရီးလမ်းဖြောင့်ဖြူးတယ်ဆိုရင်တော့ နှစ်လ၊ သုံးလဆို ပြန်လာတယ်။ တကယ်လို့ သွားတဲ့နေရာက ဝေးလံတယ်ဆိုရင်ကျ နှစ်ဝက်လောက်လည်း ကြာနိုင်တယ်"
ရှန်ချန်းလင်က ပျာယာခတ်သွားပြီး "
တောင်ထဲကနေ ထွက်သွားရင်ရော ဘယ်လောက်လောက် ကြာနိုင်လဲ?"
"သခင်လေးတစ်ယောက်တည်းကတော့ ဘယ်လိုမှ ထွက်မသွားနိုင်ဘူး သေချာတယ်"
ရွာလူကြီးက ပြောသည်။
"ပြီးတော့ လမ်းခရီးက ခက်ခဲရှုပ်ထွေးတာကို မပြောနဲ့၊ မိုးချုပ်လာရင် သားရဲတိရစ္ဆာန်တွေ ရှိသေးတယ်။ မိုးကြိုးပစ်ပြီး မိုးတွေရွာတဲ့အချိန်ဆို ရွံ့ကျောက်တုံးတွေက ချော်နေကြသေးတယ်။ လမ်းခရီးမှာ ကြုံရမဲ့အန္တရာယ်တွေက သာမန်လူ ခုခံနိုင်တဲ့ပြဿနာတွေ မဟုတ်ဘူး၊ မဟုတ်ရင် ကျုပ်တို့ ဘိုးဘေးတွေလည်း ခေတ်အဆက်ဆက် သည်ထဲမှာပဲ စောင့်နေမှာမဟုတ်ဘူးပေါ့"
ဒါလည်း မဖြစ်ဘူး ဟိုဟာလည်း မဖြစ်ဘူး..
မူးမေ့မျောနေသော ချင်ရှောက်ယွီကို ကြည့်ရင်း ရှန်ချန်းလင်တစ်ကိုယ်လုံး တောင့်တင်းကာ ခြေမကိုင်မိ လက်မကိုင်မိတော့ပြီ။ ရွာလူကြီးက သူ့ပုံစံကို မြင်သော် သဘောကောင်းစွာနှင့် -
"တကယ်လို့ သခင်လေးသာ အရေးကြီးကိစ္စ မရှိရင် ကျုပ်တို့ ရွာမှာပဲ ညီနောင် ကျန်းမာလာတဲ့အထိ နေထိုင်နိုင်ပါတယ်။ အဲ့အချိန်ကျမှ တောင်ထဲကထွက်သွားလည်း နောက်မကျသေးပါဘူး"
ဒါပေမဲ့ ငါက တောင်ထဲက ထွက်ပြီး သမားတော် ရှာရမှာလေ!
ရှန်ချန်းလင်က မျက်ရည်များ ဝဲလျက်။
တကယ်ပဲ သူနဲ့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး!
"ကျုပ် လူလွှတ်ပြီး သခင်လေးတို့အတွက် အစားအသောက်နဲ့ အိပ်ရာတွေ ပို့ပေးခိုင်းလိုက်မယ်နော်"
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း