အခန်း (၇၈) ကြာပန်းပြာ!
【သခင်လေး လော့ရွှယ်... သူ ပြန်လာပြီ】
ယနေ့ညတွင် သူရဲကောင်းချင်၏ ကာမဆန္ဒ အလွန်ပင် ပြင်းပြနေချိန် ဖြစ်သောကြောင့် ရှန်ရှောင်ရှို့လေးဟာလည်း အပြန်ပြန် အလှန်လှန် အင်းအင်းခြင်းသာ ခံရလေတော့သည်။ နောက်ဆုံး တကယ်ကို မခံနိုင်တော့မှသာ ခွန်အားမဲ့စွာ ငြင်းဆန်လာ၏။
"ငါ ပင်ပန်းနေပြီ"
"ပင်ပန်းရင် ငြိမ်ငြိမ်လေး အိပ်တော့"
ချင်ရှောက်ယွီက သူ့ပါးပြင်ကို နမ်း၍ ပြောသည်။
ရှန်ချန်းလင်မှာ ဒေါသထွက်လျက်-
"အဲ့တာဆို မင်းအရင်ဆုံး ငါ့ကိုယ်ပေါ်က ဆင်းဦးလေဟ!"
"ဟင့်အင်း"
ချင်ရှောက်ယွီက သူ့တင်ပါးကို ဆုပ်နယ်ကာ -
"ထပ်လိုချင်သေးတယ်"
မင်းနှမ ထပ်လိုချင်သေး! ! !
ရှန်ရှောင်ရှို့မှာ ပြောစရာစကားများ ပျောက်ရှလျက် နင်သွားရသည်။
"မင်း သည်အတိုင်းဆက်သွားရင် ငါ မနက်ဖြန် သေချာပေါက် ထနိုင်မှာ မဟုတ်တော့ဘူး"
"မ,ထနိုင်ရင် မ,ထနဲ့ပေါ့၊ မင်း တစ်နေ့လယ်လုံး အိပ်လို့ရတယ်"
ချင်ရှောက်ယွီက သူ့ခါးသေးသေးလေးကို ပွတ်သပ်ကာ ဆို၏။
"နေ့ခင်းကြီးကို ဘာလို့အိပ်ရမှာလဲ၊ အဲ့တာဆို ညရောက်တော့ ဘာလုပ်ရမှာတုန်း!"
ရှန်ချန်းလင်က အပြစ်တင်၏။
ချင်ရှောက်ယွီကလည်း အေးအေးလူလူ ဖြေသည်။
"အင်းအင်းမယ်လေ!"
ရှန်ချန်းလင်သည် တဒင်္ဂအတွင်း မျက်ရည်များ ဝဲလာပြီး -
"သူရဲကောင်း မင်း အဲ့လိုလုပ်ရင် သိပ်ဆိုးဝါးလွန်းအားကြီးရာ မကျဘူးလားကွာ"
"ဘယ်သူက ကိုယ့်လင်အာလေးကို သည်လောက်ချစ်စရာကောင်းခိုင်းလို့လဲ"
ချင်ရှောက်ယွီက နည်းနည်းလေးမျှ အရှက်မရှိဘဲ ပြောသည်။
သူ့ဘာသာ အဝအပြဲ စားပြီးတော့ ဧကန္တ အဲ့တာက ထမင်းက သိပ်စားကောင်းနေလို့ ဆိုပြီး အပြစ်တင်ရမှာလား? !
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Ficção Históricaစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း