Unicode>>
အခန်း(၃) ဘေးခြံထဲမှာလူတစ်ယောက်ကြိုးဆွဲချသေမလို့တဲ့
"အခန်းထဲမှာ ကောင်းကောင်းအနားယူမနေဘဲနဲ့ ဒီကိုဘာလာလုပ်တာလဲ"
ရှန်ချန်းဖုန်းက ပြုံးကာ ပြောရင်း ရှန်ချန်းလင်အနားသို့ လှမ်းလာပြီး အင်္ကျီကော်လာကို ကူညီဖြန့်ဆန့်ပေးလိုက်သည်။
"အိပ်မပျော်ဘူး"
ရှန်ချန်းလင်က သရုပ်ဆောင်တစ်ယောက်ရဲ့ပညာစွမ်းတွေ ထုတ်သုံးလိုက်ပြီး မျက်ခုံးများတွန့်ချိုးလျက် စိတ်ညစ်နေသည့်မျက်နှာလေးအဖြစ် ညှိုးငယ်သွားစေသည်။ ထိုအခါ အောင်မြင်စွာဖြင့် လူတကာက ချစ်ခင်ကြင်နာ အလိုလိုက်ပေးချင်သော အလှလေးပုံရိပ်အဖြစ်သို့ ရောက်ရှိသွားလေသည်။
"အခန်းထဲမှာ မွန်းကြပ်လို့လား?"
ရှန်ချန်းဖုန်းက မေးလိုက်သည်။
"မဟုတ်ပါဘူး"
ရှန်ချန်းလင်က သက်ပြင်းချလျက် စကားတစ်ခွန်းမှမဆိုဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ ဆက်သွားလိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာ သနားစဖွယ် မတ်တပ်ရပ်နေလိုက်သည်။ အခုချိန်ထိတော့ အရာအားလုံးက အစီအစဉ်တကျ လှပစွာသာ။ သို့သော် ရှန်ချန်းလင်မှာ စိတ်နှစ်၍ သရုပ်ဆောင်လွန်းအားကြီးသွားပြီး မြေပြင်ပေါ်က ဘုထနေသော ကျောက်တုံးကို သတိမထားလိုက်မိပါချေ။
ဒါမျိုးဆိုတာ သေချာပေါက် ချော်လဲလိုက်ရမှ!
"အား! ! ! !"
အချိန်နောက်ပြန် ခရီးသွားပြီးကာမှ မျက်နှာနဲ့တော့ မြေကြီးပေါ်ပစ်မကျနဲ့လေ! !
"ဇနီးလေး သတိထား! !"
အရေးအကြီးဆုံးအချိန်တွင် အနီရောင်ဝတ်ရုံဖြင့်လူတစ်ယောက်က သစ်ပင်ပေါ်မှ ပျံသန်းလာပြီး ရှန်ချန်းလင်ကို ရင်ခွင်ထဲဆွဲထည့်ကာ အမိဖမ်းလိုက်လေသည်။
သည်လို သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်တဲ့ဇာတ်လမ်းတွေဆိုတာ နှာခေါင်းသွေးလျှံချင်စရာပဲ.....
ရှန်ချန်းလင်က မျက်လုံးများကို ဇွတ်ဖိမှိတ်ထားပြီး စဉ်းစားမိသည်။
![](https://img.wattpad.com/cover/360258638-288-k16868.jpg)
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း