အခန်း (၆၇) အဆက်

1.8K 256 16
                                    

" ဂိုဏ်းချုပ် "

ဒုတိယနေ့မနက်တွင် လျှို့ဝှက်တပ်သားက တံခါးလာခေါက်၏။

ရှန်ချန်းလင်သည် အိပ်မက်ကမ္ဘာထဲ၌တောင် မျက်မှောင်ကြုတ်သွားပြီး အနှောင့်ယှက်ခံရခြင်းကို မကျေနပ်သည်မှာ အသိအသာ။

ချင်ရှောက်ယွီသည် သူ့ကျောလေးကို ပုတ်ကာ ပြန်ချော့မော့လိုက်ပြီး ဝတ်ရုံလွှား၍ အခန်းတံခါးကို ဖွင့်လိုက်သည်။

" ကိစ္စရှိလို့လား? "

မျက်နှာကြီးက မည်းပုပ်နေတာပဲနော်!

တပ်သားသည်လည်း ခက်ခဲစွာ ဆိုလေသည်။

" တပည့်လည်း အစက မနှောင့်ယှက်ချင်ပါဘူးခင်ဗျ.. ဒါပေမဲ့ ယင်ဂိုဏ်းချုပ်က တွေ့ခွင့်တောင်းနေလို့ပါ "

" ငါ မအားဘူးလို့ သူ့ကို ပြောလိုက် "

ချင်ရှောက်ယွီက အေးစက်စက်သာ ဆိုသည်။

" ဟုတ်လား? "

ယင်ဝူရွှမ်းသည် ခြံဝန်းအဝတွင် မှီရပ်နေပြီး မပြုံးမရယ်ဖြင့် သူ့ကို ကြည့်နေသည်။

တပ်သားသည်လည်း လှစ်ကနဲ ပျောက်ထွက်သွားတော့သည်။

" ကျွန်တော့်ကို ရှာတာ ဘာလုပ်ဖို့ပါလဲ? "

ချင်ရှောက်ယွီက တံခါးပိတ်လိုက်သည်။

" သေချာပေါက် ကိစ္စရှိလို့ပေါ့ "

ယင်ဝူရွှမ်းက ဆိုသည်။

" သည်ရက်ပိုင်း တို့ လူလွှတ်ပြီး နေရာအနှံ့ကို စုံစမ်းစစ်ဆေးခိုင်းထားတာ၊ အခု မြို့ထဲမှာ လူစိမ်းတွေ အများကြီး ရောဝင်နေမှန်း သိလိုက်ရတယ် "

" ဘယ်ကလာတဲ့လူတွေလဲ? "

ချင်ရှောက်ယွီက မေးလိုက်သည်။

" မသိဘူး "

ယင်ဝူရွှမ်းက ခေါင်းခါလျက်။

" ကြည့်ရတာ ကုန်သည်အဖွဲ့နဲ့ တူနေပေမဲ့ သည်အချိန်ကိုက်ကြီးမှာဆိုတော့ သိပ်တိုက်ဆိုင်လွန်းမနေဘူးလား "

" အဲ့တာဆိုလည်း ဂိုဏ်းချုပ်ကပဲ အပင်ပန်းခံပြီး ဆက်လက် ရှင်းလင်းအောင် စုံစမ်းစစ်ဆေးလိုက်ပါဦးနော် "

သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!Where stories live. Discover now