အခန်း (၆၅) တကယ်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး!
【ဂိုဏ်းချုပ် စိတ်အေးအေးထားပါဗျာ!】
ချင်ရှောက်ယွီသည် ဆေးပန်းကန်ကို သယ်၍ အိပ်ခန်းထဲသို့ ဝင်လာသည်နှင့် နူးအိပျော့ပျောင်းသော အရာတစ်ခုက သူ့မျက်နှာတည့်တည့် ပျံသန်းလာတော့၏။
သေချာပေါက် သည်လိုမျိုးပစ္စည်းတွေက ဂိုဏ်းချုပ်ချင်ကို သတ်ဖြတ်တိုက်ခိုက်နိုင်စွမ်း မရှိလေတော့ သူက ကိုယ်ကို စောင်း၍ ရှောင်လိုက်ရာ ဝတ်ရုံက လေထဲမှာ ဝဲကနဲ.. တအား ရွှိုက်!
ရှန်ရှောင်ရှို့သည် တင်ပျဉ်ခွေထိုင်လျက် သူ့ကို ဒေါသတကြီး ကြည့်နေသည်။
" မင်းဘာတွေ လျှောက်ပြောနေပြန်တာလဲ! "
" ဘယ်လိုဖြစ်ပြီး လျှောက်ပြောတယ် ဆိုနိုင်မှာလဲ "
ချင်ရှောက်ယွီက ခုတင်ဘေးမှာ ထိုင်ကာ မျက်လုံးထဲတွင် ရွှန်းရွှန်းစိုလျက်။
" အဆုံးမှာ ကိုယ့်လူဖြစ်မှာပဲလေ၊ စောတာနဲ့နောက်ကျတာပဲ ကွာမှာ "
ရှန်ချန်းလင် - ..........
လူယုတ်မာ!
" ခေါင်းမူးသေးလား? "
ချင်ရှောက်ယွီသည် အေးအောင် လေမှုတ်ပေးရင်း တစ်ဇွန်းခပ်ကာ သူ့နှုတ်ခမ်းနားထိ ပို့ပေးသည်။
တကယ်ကို နွေးထွေးသိတတ် ဖြည့်ဆည်းပေးတာများ ပျားရည်လိုချိုမြနေရော်!
တီဗွီဇာတ်လမ်းတွဲထဲမှာဆိုရင်တော့ ဂန္ထဝင်တွင်မဲ့ ဇာတ်ဝင်ခန်းဖြစ်သွားတော့မှာပဲ! ဘယ်သူ ကြည့်ကြည့် မျက်ရည်ဖြိုင်ဖြိုင် ကျမှာပဲ!
သည်လို ဖြူစင်ရိုးရှင်းလွန်းတဲ့ ချစ်စဖွယ် မေတ္တာတွေဟာ လူတိုင်းကို ရင်ထိစေမှာ!
ဒါပေမဲ့ ဇာတ်လမ်းတွဲထဲက တိုင်းရင်းဆေးဆိုတာက ကိုလာကို အမြှုပ်မထတော့အောင် ထားပြီးမှ တိုက်တာကွ! သောက်လို့လည်းကောင်းတယ် ချိုလည်း ချိုတယ် ပေါက်ရဲ့လား!
သရုပ်ဆောင် မင်းသားလုပ်တုန်းကတောင် သည်လိုမျိုး တိုင်းရင်းဆေးခါးခါးကြီးတွေ မသောက်ဖူးဘူး!
YOU ARE READING
သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်ခတွေချည်းပဲ!
Historical Fictionစာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း